FinOps Principles

LESSON 2 OF 4

Overview

FinOps ၏ အခြေခံမူများသည် Cloud ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို ပိုမိုထိရောက်စေရန် လမ်းညွှန်ပေးသည့် အခြေခံသဘောတရားများဖြစ်သည်။ ဤမူများကို FinOps ဖောင်ဒေးရှင်းမှ အဖွဲ့ဝင်များက အတွေ့အကြုံများအပေါ် အခြေခံ၍ ဖော်ထုတ်ခဲ့ပြီး၊ ၎င်းတို့သည် ဆုံးဖြတ်ချက်ချမှတ်ခြင်းအတွက် ခိုင်မာသောအခြေခံအုတ်မြစ်ကို ပေးဆောင်ကာ FinOps အလေ့အကျင့်များကို လုပ်ငန်းစံနှုန်းများနှင့် ကိုက်ညီစေရန် ကူညီပေးသည်။

FinOps ကို အောက်ဖော်ပြပါ အခြေခံမူ ၆ ချက်ပေါ်တွင် တည်ဆောက်ထားသည် ။

  1. အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ခြင်း (Teams Need To Collaborate)

Cloud သည် အရင်းအမြစ်တစ်ခုဖြစ်ပြီး စက္ကန့်အလိုက် လည်ပတ်နေသောကြောင့် ဘဏ္ဍာရေး ၊ နည်းပညာ ၊ ထုတ်ကုန်နှင့် လုပ်ငန်းအဖွဲ့များသည် အချိန်နှင့်တစ်ပြေးညီ အတူတကွလုပ်ဆောင်ရန် လိုအပ်သည် ။ ဤပူးပေါင်းဆောင်ရွက်မှုသည် Cloud အသုံးပြုမှု၏ ကဏ္ဍအားလုံးကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်စေရန် သေချာစေသည် ။ စွမ်းဆောင်ရည်နှင့် ဆန်းသစ်တီထွင်မှုများအတွက် အဖွဲ့များ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရမည် ။

Teams Need To Collaborate
  1. Cloud ၏ လုပ်ငန်းတန်ဖိုးကို အခြေခံ၍ ဆုံးဖြတ်ချက်များချမှတ်ခြင်း (Decisions Are Driven By The Business Value Of The Cloud)

Cloud ၏ လုပ်ငန်းတန်ဖိုးကို မြှင့်တင်ရန် ဆုံးဖြတ်ချက်များသည် အဓိကသော့ချက်ဖြစ်သည် ။ စီးပွားရေးယူနစ်နှင့် တန်ဖိုးအခြေပြု မက်ထရစ်များသည် အသုံးစရိတ်ထက် စီးပွားရေးအကျိုးသက်ရောက်မှုကို သက်သေပြပြီး Cloud ရင်းနှီးမြှုပ်နှံမှုများ၏ ထိရောက်မှုကို ပိုမိုရှင်းလင်းစွာ ထိုးထွင်းသိမြင်နိုင်စေသည် ။

Decisions Are Driven By The Business Value Of The Cloud
  1. Cloud အသုံးပြုမှုအတွက် တာဝန်ယူမှုရှိခြင်း (Everyone Takes Ownership For Their Cloud Usage)

Cloud အင်ဂျင်နီယာများသည် မိမိအဖွဲ့အစည်းအတွက် Cloud စတင်အသုံးပြုချိန်မှ စ၍ လုပ်ငန်းလည်ပတ်မှုအထိ အသုံးပြုမှုနှင့် ကုန်ကျစရိတ်များအတွက် တာဝန်ယူရပါသည် ။ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချခြင်းဖြင့် Cloud အင်ဂျင်နီယာများသည် ၎င်းတို့၏ပရောဂျက်များနှင့်ဆက်စပ်သော ကုန်ကျစရိတ်များကို စီမံခန့်ခွဲခြင်းနှင့် ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းအတွက် တိုက်ရိုက်တာဝန်ယူရပြီး ပိုမိုထိရောက်သော Cloud အသုံးပြုမှုကို ဖြစ်စေသည် ။

Everyone Takes Ownership For Their Cloud Usage
  1. FinOps ဒေတာသည် အချိန်နှင့်တပြေးညီ ရရှိနိုင်ရမည် (FinOps Data Should Be Accessible & Timely)

FinOps ဒေတာသည် အချိန်နှင့်တပြေးညီ ရရှိနိုင်ရမည်ဖြစ်သည် ။ အချိန်နှင့်တပြေးညီ မြင်နိုင်စွမ်းသည် ပိုမိုကောင်းမွန်သော Cloud အသုံးချမှုကို အလိုအလျောက် မောင်းနှင်ပေးပါသည် ။ အချိန်နှင့်တပြေးညီ တုံ့ပြန်မှုများသည် ပိုမိုထိရောက်သောအပြုအမူကို ဖြစ်ပေါ်စေသည် ။

FinOps Data Should Be Accessible & Timely
  1. FinOps ကို ဗဟိုချုပ်ကိုင်မှုဖြင့် ဦးဆောင်ခြင်း (A Centralized Team Drives FinOps)

FinOps ကိုလေ့ကျင့်သည့်အဖွဲ့အစည်းများတွင်၊ ဗဟိုဦးစီးဦးဆောင်ရသော အဖွဲ့သည် ဘုတ်အဖွဲ့တစ်လျှောက် အကောင်းဆုံးအလေ့အကျင့်များကို မြှင့်တင်ပေးခြင်းဖြင့် အဓိကအခန်းကဏ္ဍမှပါဝင်ပါသည် ။ FinOps ဗဟိုအဖွဲ့သည် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုစံနှုန်းများကို လိုက်လျောညီထွေဖြစ်စေရန်နှင့် လိုက်နာမှုရှိကြောင်း သေချာစေရပါသည် ။

A Centralized Team Drives FinOps
  1. Cloud ၏ ပြောင်းလဲနိုင်သော ကုန်ကျစရိတ်ပုံစံကို အသုံးချခြင်း (Take Advantage Of The Variable Cost Model Of The Cloud)

Cloud ၏ ပြောင်းလဲနိုင်သော ကုန်ကျစရိတ်ပုံစံကို လက်ခံခြင်းက အဖွဲ့အစည်းများကို အန္တရာယ်ဖြစ်စေမည့်အစား မဟာဗျူဟာမြောက် အားသာချက်ကို ပေးအပ်သည် ။ ဤပုံစံသည် ပြောင်းလွယ်ပြင်လွယ်ဖြစ်စေပြီး ကုန်ကျစရိတ်များကို အသုံးပြုမှုအဆင့်များနှင့် တိုက်ရိုက်ချိန်ညှိပေးသည် ။ ဤမူများကို လိုက်နာခြင်းဖြင့် အဖွဲ့အစည်းများသည် Cloud အသုံးပြုမှုကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ပြီး ၊ ဆန်းသစ်တီထွင်မှုနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ကာ ၊ လုပ်ငန်းတန်ဖိုးကို မြှင့်တင်နိုင်မည်ဖြစ်သည် ။

Take Advantage Of The Variable Cost Model Of The Cloud

Last updated