7.FinOps Domains & Capabilities

LESSON 1 OF 6

Overview

သင်နှင့် သင့်အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာများ Cloud သို့ စတင်ရွေ့ပြောင်းရာတွင် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ရင်ဆိုင်ရနိုင်သည် ။ ထိုသို့ရွေ့ပြောင်းရာတွင် FinOps Foundation ၏အခြေခံမူများဖြင့် ဤခရီးလမ်းကို လမ်းညွှန်ကူညီပေးပြီး ၊ ရည်မှန်းချက်များဆီသို့ လုပ်ဆောင်ဖို့ရန်အတွက် FinOps အဖွဲ့ကို သင်ဖွဲ့စည်းထားသင့်ပါသည် ။ ထို FinOps အဖွဲ့သည် မည်သည့်လုပ်ဆောင်ချက်များကို လုပ်ဆောင်သနည်း ဟု သင်မေးစရာရှိလာမည်ဖြစ်သည် ။

FinOps Framework ကတော့ FinOps ၏ လက်တွေ့လုပ်ဆောင်မှုများကို စတင်ကာ အောင်မြင်ဖို့ လုပ်ငန်းလုပ်ထုံးလုပ်နည်းကို ပံ့ပိုးပေးပါသည် ။ FinOps Capabilities တွေကတော့ FinOps Team က လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာတွေ ဖြစ်ပါသည် ။ FinOps Framework အတွင်းမှာ Capabilities တွေကို Domains အလိုက် အမျိုးအစားခွဲထားပါသည် ။ FinOps Team ကတော့ အတိုင်းအတာ အားလုံးမှာ Domain အလိုက် လုပ်ရမှာဖြစ်ပေမယ့် Capabilities အားလုံးကို အချိန်တိုင်းတွင် လုပ်ဆောင်မည်မဟုတ်‌ပါ ။ သို့သော် Domain တိုင်းတွင် အလုပ်လုပ်နိုင်ရန် လည်ပတ်မှုပုံစံကို ပံ့ပိုးပေးပါသည် ။

FinOps Domains

FinOps Framework ရဲ့ Domains တွေဆိုသည်မှာ အဖွဲ့အစည်းတွေက FinOps အလေ့အကျင့်များကို လေ့ကျင့်ခြင်းဖြင့် ရရှိသင့်တဲ့ အခြေခံစီးပွားရေးရလဒ်တွေကို ဆိုလိုခြင်းဖြစ်ပါသည် ။ တစ်နည်းဆိုရသော် FinOps အလေ့အကျင့်များကို လေ့ကျင့်ခြင်းဖြင့် အဖွဲ့အစည်းများသည် ၎င်းတို့၏ Cloud အသုံးပြုမှုနှင့် ကုန်ကျစရိတ်များကို နားလည်နိုင်စေမည်ဖြစ်ပြီး ၊ လုပ်ငန်းတန်ဖိုးကို တွက်ချက်ရန် ၊ အသုံးပြုမှုနှင့် အခပေးနှုန်းထားများကို အကောင်းဆုံးဖြစ်အောင် ၊ ထိရောက်သော အလေ့အကျင့်ကို စီမံခန့်ခွဲနိုင်စေမည့် အကျိုးကျေးဇူးများ ရရှိ‌စေမည်ကို ဆိုလိုခြင်းဖြစ်သည် ။

အောက်ပါလင့်တွင် ထပ်မံဖတ်ရှု့နိုင်သည် ။

https://www.finops.org/framework/domains/

FinOps Capabilities

FinOps Capabilities တွေက FinOps Domains မှာပံ့ပိုးပေးထားတဲ့ လုပ်ငန်းဆောင်တာကို ကိုယ်စားပြုပါတယ် ။

အောက်ပါလင့်တွင် ထပ်မံဖတ်ရှု့နိုင်သည် ။

https://www.finops.org/framework/capabilities/

FinOps Domains

FinOps Framework ရဲ့ Domains တွေဆိုသည်မှာ အဖွဲ့အစည်းတွေက FinOps အလေ့အကျင့်များကို လေ့ကျင့်ခြင်းဖြင့် ရရှိသင့်တဲ့ အခြေခံစီးပွားရေးရလဒ်တွေကို ဆိုလိုခြင်းဖြစ်ပါသည် ။ FinOps အလေ့အကျင့်များကို လေ့ကျင့်ခြင်းက အဖွဲ့အစည်းများအား Cloud သုံးစွဲမှုနဲ့ ကုန်ကျစရိတ်ကို နားလည်စေပြီး ၊ စီးပွားရေးအကျိုးကျေးဇူးကို တိုင်းတာနိုင်စေသည့်အပြင် သုံးစွဲမှုနဲ့ ထိရောက်တဲ့ လုပ်ငန်းဆောင်တာကို စီမံခန့်ခွဲနိုင်စေပါတယ် ။

  1. Understand Cloud Usage & Cost

ဒီ Domain ရဲ့ရလဒ်က အဖွဲ့အစည်းတစ်ခုရဲ့ Cloud သုံးစွဲမှုကို ပိုမိုနားလည်စေခြင်းဖြစ်ပါသည် ။ ဒီ Domain အတွင်းမှာ အဖွဲ့အစည်းတွေက FinOps လုပ်ဆောင်ဖို့ လိုအပ်တဲ့ အချက်အလက်အားလုံးကို စုဆောင်းဖို့ ကြိုးစားကြပါသည် ။ အချက်အလက်များဆိုသည်မှာ Cloud ကုန်ကျစရိတ် ၊ Cloud သုံးစွဲမှု ၊ အသိရှိခြင်း (Observability) ၊ အသုံးပြုမှု (Utilization) ၊ တာဝန်ယူမှုဆိုင်ရာဒေတာ (Sustainability Data) နဲ့ အခြား FinOps Domain အားလုံးအတွက် လိုအပ်တဲ့ ဒေတာတွေကို စုဆောင်းခြင်းကို ဆိုလိုခြင်းဖြစ်ပါသည် ။ ဒီ Domain အတွင်း သင်လုပ်ဆောင်ရမည့်အချက်တွေက Cloud ကုန်ကျစရိတ်နဲ့ သုံးစွဲမှုကို အမျိုးအစားခွဲပြီး ထုတ်ယူခြင်းနှင့်အတူ Organizational Metadata ကို သတ်မှတ်ပေးပြီး အဲဒီဒေတာကို FinOps Personas အားလုံး အသုံးပြုနိုင်ဖို့ Report နဲ့ Analytics လုပ်ငန်းစဉ်တွေကို သတ်မှတ်ပေးရမည်ဖြစ်သည် ။

  1. Quantify Business Value

ဒီ Domain ရဲ့ရလဒ်က အဖွဲ့အစည်းများသည် ၎င်းတို့ဖန်တီးထားသည့် အသုံးပြုမှု ၊ ကုန်ကျစရိတ်ဒေတာ ၊ လုပ်ငန်းတန်ဖိုးတို့နှင့် ချိတ်ဆက်ရန် စွမ်းရည်များကို ဖွံ့ဖြိုးစေပြီး မျှော်လင့်ချက်များအတွင်းတွင် ရှိနေကြောင်း သေချာစေရပါသည် ။ ဒီ Domain အတွင်းမှာ အဖွဲ့အစည်းများသည် ဘတ်ဂျက်များ ၊ Cloud ကုန်ကျစရိတ်များအတွက် စာရင်းဇယားများရေးဆွဲခြင်း ၊ အချက်အလက်နှင့် အနာဂတ်အစီအစဉ်များကို ခန့်မှန်းခြင်း ၊ တည်ထောင်ခြင်း ၊ နည်းပညာဆိုင်ရာနှင့် အဖွဲ့အစည်းဆိုင်ရာ KPIs များကို တိုင်းတာခြင်း ၊ လုပ်ငန်းယူနစ်များနှင့် အခြားအဖွဲ့အစည်းများအကြား စံသတ်မှတ်ခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်သည် ။

  1. Optimize Cloud Usage & Cost

ဒီ Domain က Cloud ကိုထိရောက်စွာအသုံးပြုမှုအပေါ် အခြေခံထားပြီး အဖွဲ့အစည်းတွေက တန်ဖိုးပေးတဲ့အချိန်အတွက်သာ အရင်းအမြစ်တွေကို အသုံးပြုစေဖို့ အာမခံပေးရခြင်းဖြစ်သည် ။ အသုံးပြုတဲ့အရင်းအမြစ်တွေကိုလည်း အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေကိုဖြည့်ဆည်းရာတွင် အနိမ့်ဆုံးကုန်ကျစရိတ်နဲ့ အကျိုးသက်ရောက်မှုရှိရှိဝယ်ယူဖို့ လုပ်ဆောင်ရပါသည် ။ အဖွဲ့အစည်းတွေက ထိရောက်မှုကို ငွေကြေးကုန်ကျစရိတ် ၊ သမားရိုးကျ IT လုပ်ငန်းဆောင်ရွက်မှု ၊ ထိရောက်မှုအပါအဝင် စွမ်းဆောင်ရည်များကို နည်းလမ်းအမျိုးမျိုးဖြင့် တိုင်းတာသည် ။ ဒီ Domain ထဲမှာပါတဲ့ Capabilities တွေက အဖွဲ့အစည်းများအား အသုံးပြုသည့် Cloud အရင်းအမြစ်များ၏ အမျိုးအစားများ ၊ အချိန်နှင့် ပမာဏတို့ကို စီမံခန့်ခွဲနိုင်စေသည့်အပြင် အဆိုပါအရင်းအမြစ်များအတွက် ပေးဆောင်သည့်နှုန်းထားများကိုပါ စီမံခန့်ခွဲနိုင်စေပါသည် ။ အဆိုပါ စွမ်းဆောင်ရည်များက Cloud Architecture ပြန်လည်ပြုပြင်ခြင်း ၊ FinOps Team တွေအတွက် တာဝန်ယူမှုစီစဉ်ခြင်း ၊ Licensed နဲ့ Consumption-Based SaaS ထုတ်ကုန်တွေရဲ့ အသုံးပြုမှုတွေကိုပါ ကိုင်တွယ်ဖြေရှင်းပေးပါသည် ။

  1. Manage the FinOps Practice

ဒီ Domain တွင် တန်ဖိုးဖန်တီးတဲ့ နည်းလမ်းနဲ့ Cloud အရင်းအမြစ်များကိုအသုံးပြုရန် နှင့် FinOps ကို လက်ခံအသုံးပြုအသုံးပြုရန်အတွက် အဖွဲ့အစည်းတစ်ခုလုံးရှိ လူများ ၊ လုပ်ငန်းစဉ်များနှင့် နည်းပညာများကို ချိန်ညှိကာ စဉ်ဆက်မပြတ်တိုးတက်မှုကို လုပ်ဆောင်ပေး အလေ့အကျင့်များပါ၀င်ပါသည် ။ ဤဒိုမိန်းရှိ စွမ်းဆောင်ရည်များသည် ထိရောက်သော FinOps လည်ပတ်ဆောင်ရွက်မှုအပေါ် အာရုံစိုက်ပြီး ၊ အဖွဲ့အစည်းတစ်ခုလုံးကို အသုံးပြုနိုင်စေရန် နှင့် Cloud အသုံးပြုမှုကို ထိထိရောက်ရောက် အသုံးပြုနိုင်စေရန် FinOps အလေ့အကျင့်များကိုပံ့ပိုးပေးပါသည် ။ ဒီနေရာမှာပါတဲ့ အလေ့အကျင့်တွေက ထိရောက်တဲ့ FinOps လုပ်ငန်းစဉ်ကို အခြေခံပြီး အဖွဲ့အစည်းတစ်ခုလုံးကို ပံ့ပိုးထားတာဖြစ်သည့်အတွက် Cloud အသုံးပြုမှုကို ထိရောက်စွာ ကိုယ်စားပြုနိုင်စေဖို့အပြင် အခြား Personas တွေနဲ့ စီးပွားရေးလုပ်ငန်းဆောင်တာများ အား ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆက်ဆံမှုတွေကို တိုးတက်အောင် လုပ်ဆောင်ပေးပါတယ် ။

FinOps Capabilities

FinOps Capabilities တွေက FinOps အလေ့အကျင့်များရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ လိုအပ်တဲ့ လှုပ်ရှားမှုနယ်ပယ်များကို ကိုယ်စားပြုသည် ။ ဒီလိုအလေ့အကျင့်တွေကို FinOps Personas တွေကြားမှာ လုပ်ဆောင်ရမယ့် အလုပ်တွေအဖြစ် ပေါင်းစည်းပေးထားပြီး နည်းပညာ ဆုံးဖြတ်ချက်တွေကို စီးပွားရေးရည်မှန်းချက်တွေ နဲ့ ကိုက်ညီစေဖို့ အခြေခံကျသော ပေါင်းကူးပေးသော အရာများအဖြစ် ယူဆနိုင်သည် ။ FinOps Practitioner များသည် လုပ်ငန်း‌တာ၀န်များကို ကွဲပြားသောနည်းလမ်းမျိုးစုံနဲ့ ရွေးချယ်ပြီး စီမံခန့်ခွဲကြတာဖြစ်တဲ့အတွက် FinOps ၏ တူညီသော အစိတ်အပိုင်းများမှ တည်ဆောက်ထားသော ထူးခြားသော၊ ဆက်စပ်သော အကောင်အထည်ဖော်မှုများကို ဖြစ်ပေါ်စေသည် ။

An Analogy

FinOps တွင် Analogy သည် ဘာကိုဆိုလိုသနည်း ။ Cloud ငွေကြေးဆိုင်ရာ လည်ပတ်မှုများကို ထိထိရောက်ရောက် စီမံခန့်ခွဲရန် မတူညီသော အဆင့်များ ( Inform , Optimize , Operate ) ကို ဖြတ်သန်းခြင်းကိုဆိုလိုရလိမ့်မည် ။ တိုးတက်မှုအတွက် နယ်ပယ်များကို ခွဲခြားသတ်မှတ်ရန် ၊ အရေးယူဆောင်ရွက်ရန် နှင့် စဉ်ဆက်မပြတ်တိုးတက်အောင် ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည် ။ ဥပမာအားဖြင့် သင်သည် ကုန်ကျစရိတ်ခွဲဝေမှုတွင် အလွန်ကျွမ်းကျင်နိုင်သော်လည်း သင်၏ Cloud အရင်းအမြစ်များကို ထိရောက်စွာ အကောင်းဆုံးဖြစ်အောင် ပြုလုပ်နည်း ( Crawl Maturity ) ကို သင်ယူ‌လေ့လာနေရမည် ဖြစ်သည် ။ FinOps တွင် ပြီးပြည့်စုံသောအခြေအနေတစ်ခုရရှိရန် တစ်ကြိမ်တည်းအားထုတ်ပြီးအသိအမှတ်ပြုရရှိဖို့ မဖြစ်နိုင်ပါ ။ နယ်ပယ်အသီးသီးတွင် ဆက်လက်အာရုံစိုက်ပြီး တိုးတက်မှု ရှိရန်လိုအပ်သည် ။ သင့်အဖွဲ့အစည်းသည် နည်းပညာအသစ်များ သို့မဟုတ် အလေ့အကျင့်အသစ်များကို လက်ခံကျင့်သုံးလာသည်နှင့်အမျှ သင်၏ FinOps ကျွမ်းကျင်မှုနှင့် လုပ်ငန်းစဉ်များသည် အဆိုပါစိန်ခေါ်မှုများနှင့် အခွင့်အလမ်းသစ်များကို ရင်ဆိုင်ရန်အတွက် လိုက်လျောညီထွေဖြစ်ပြီး ရင့်ကျက်လာရန် လိုအပ်မည်ဖြစ်ပါသည် ။ အဖွဲအစည်းအတွင်း မတူညီသောစွမ်းရည်များကို ဖော်ဆောင်ခြင်းဖြင့် သင်၏ FinOps အလေ့အကျင့်ကို ထိန်းသိမ်းပြီး မြှင့်တင်ရပါမည် ။

Last updated