0.Introduction

LESSON 1 OF 3

Welcome!

FinOps Certified Practitioner သင်တန်းသည် Cloud ၊ ဘဏ္ဍာရေးနှင့် နည်းပညာကဏ္ဍအသီးသီးရှိ လူတစ်ဦးချင်းစီ၏ FinOps အသိပညာကို မြှင့်တင်ရန် ဒီဇိုင်းထုတ်ထားသည် ။ ဤသင်တန်းသည် FinOps Framework ၏ အစိတ်အပိုင်းများ ၊ FinOps ၏ အခြေခံများ အပါအ၀င် ၊ FinOps Practitioner ၏ အခန်းကဏ္ဍကို နားလည်ရန် ကူညီပေးပါသည် ။

Before You Get Started

ဤသင်တန်းကို အကောင်းဆုံးအသုံးချနိုင်ရန် အောက်ပါ အသိပညာနှင့် ကျွမ်းကျင်မှုအခြေခံရှိရန် လိုအပ်ပါသည် ။ ဤသင်တန်းတွင် Cloud Computing အလုပ်လုပ်ပုံ အခြေခံများကို နားလည်ထားရမည် ဖြစ်ပြီး ၊ Cloud Computing အခြေခံအချက်များ ၊ ( AWS ၊ Azure ၊ Google Cloud ) မှ အဓိကဝန်ဆောင်မှုများ ငွေပေးချေမှု နှင့် စျေးနှုန်းမော်ဒယ်များ ၊ လည်ပတ်မှုတန်ဖိုးနှင့် ပေးဆောင်သည့် သုံးစွဲမှုပုံစံများ၏ အခြေခံမူများ ကိုသိရှိနားလည်ထားလျှင်ပိုကောင်းပါသည် ။

Course Outcomes

ဤသင်တန်းပြီးဆုံးပါက အောက်ပါတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည် ။

Course ပြီးဆုံးသွားပါက FinOps အဓိက အစိတ်အပိုင်းများကို သိရှိနားလည်သွားပါမည် ။ မိမိ Organization အတွက် ထိရောက်သော Cloud ငွေကြေးစီမံခန့်ခွဲမှု အလေ့အကျင့်များကို ဖော်ထုတ်ပြီး အကောင်အထည်ဖော်နိုင်သွားပါမည် ။ Cloud ကုန်ကျစရိတ်စီမံခန့်ခွဲမှုမှတစ်ဆင့် လုပ်ငန်းတန်ဖိုးမြှင့်တင်ရန် FinOps စည်းမျဉ်းများကို အသုံးပြုနိုင်မည် ဖြစ်ပါသည် ။

Last updated