focp-mm
  • 0.Introduction
    • Course Overview
    • FinOps Foundation Overview
  • 1.What is FinOps
    • FinOps Principles
    • State of FinOps
    • Why FinOps?
  • 2.FinOps Teams & Culture
    • Running the FinOps Team
    • A Culture of FinOps
  • 3.Personas & Motivations
    • Motivations
    • Common Language
  • 4.Anatomy of the Cloud Bill
    • Detailed Cost & Usage
    • Cloud Billing Complexity
  • 5.Adopting & Maturing FinOps
    • Maturing FinOps
  • 6.FinOps Framework
    • Tools & Services
    • Integrating the Framework
  • 7.FinOps Domains & Capabilities
    • Understand Cloud Usage & Cost
    • Quantify Business Value
    • Optimize Cloud Usage & Cost
    • Manage the FinOps Practice
  • 8.Data in the Path
    • Making Trade-off Decisions
    • Data-Driven Decisions
    • Desired Outcomes
  • 9.Inform Phase
    • Reporting: The UI of FinOps
    • Anomaly Managment
    • Benchmarking
    • Allocation
    • Showback & Chargeback
    • Forecasting
    • Budgeting
  • 10.Optimize Phase
    • KPIs & Outcomes
    • Usage Optimization
    • Rate Optimization
    • Candidates for Optimization
    • Business Cases
  • 11.Operate Phase
    • Aligning Teams
    • Communication
    • Encouraging Engineers to Take Action
    • Automation
    • Containers & Shared Environments
    • FinOps & Other Methodologies
  • 12.Resources & Review
    • What's Next
    • Review
Powered by GitBook
On this page
  1. 0.Introduction

FinOps Foundation Overview

LESSON 3 OF 3

PreviousCourse OverviewNext1.What is FinOps

Last updated 8 months ago

CtrlK

About the FinOps Foundation

FinOps ဖောင်ဒေးရှင်းသည် အကောင်းဆုံးအလေ့အကျင့်များ ၊ ပညာရေး နှင့် စံချိန်စံညွှန်းများမှတစ်ဆင့် Cloud ငွေကြေးစီမံခန့်ခွဲမှု၏စည်းကမ်းကို မြှင့်တင်ရန် ရည်ရွယ်ထားသော Linux Foundation ၏ ပရိုဂရမ်တစ်ခုဖြစ်သည် ။ ကုမ္ပဏီပေါင်း 5,000 ကျော်ကို ကိုယ်စားပြုပြီး လူပေါင်း 16,000 ကျော်ရှိသော အသိုက်အဝန်းဖြင့် FinOps ဖောင်ဒေးရှင်းသည် FinOps Certified Practitioner အသိအမှတ်ပြုလက်မှတ်အပါအဝင် ၊ အခြားအသိအမှတ်ပြုလက်မှတ် အစီအစဉ်အမျိုးမျိုးကို ပံ့ပိုးပေးပါသည် ။ Cloud ဝန်ဆောင်မှုနှင့် ပလက်ဖောင်းပံ့ပိုးပေးသူအများအပြားသည် ဤပရိုဂရမ်များမှတစ်ဆင့် အသိအမှတ်ပြုခံရပြီး အဖွဲ့အစည်းများအတွက် Cloud ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အလေ့အကျင့်များကို အကောင်းဆုံးဖြစ်အောင် ကူညီပေးပါသည် ။

Mission of the FinOps Foundation

Cloud ၏တန်ဖိုးသိရှိနားလည်ပြီး စီမံခန့်ခွဲမှုများတိုးတက်စေရန် ရည်ရွယ်ပါသည် ။

Creating Connections

FinOps တွင် ချိတ်ဆက်မှုများဖန်တီးခြင်းသည် အောင်မြင်မှုအတွက် အရေးကြီးပါသည် ။ ၎င်းတွင် Cloud အင်ဂျင်နီယာ ၊ ဘဏ္ဍာရေး၊ ဝယ်ယူမှု၊ ထုတ်ကုန်ပိုင်ဆိုင်မှုနှင့် ခေါင်းဆောင်မှုအစ ရှိသည့် အဖွဲ့များအကြား ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများကို မွေးမြူခြင်းတို့ ပါဝင်သည် ။ FinOps ကျွမ်းကျင်သူများသည် ခိုင်မာသောချိတ်ဆက်မှုများကို တည်ဆောက်ခြင်းဖြင့် Cloud ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို အဖွဲ့အစည်းဆိုင်ရာပန်းတိုင်များနှင့် ကိုက်ညီစေပြီး ကုန်ကျစရိတ် ပိုမိုကောင်းမွန်အောင် ကြိုးပမ်းမှုများတွင် ပါဝင်ကူညီကြောင်း သေချာစေနိုင်ပါသည် ။ ဤချိတ်ဆက်မှုများသည် ပွင့်လင်းမြင်သာမှု ၊ ထိရောက်သောဆက်သွယ်ရေးနှင့် Cloud သုံးစွဲမှုအတွက် ခွဲဝေတာဝန်ယူမှုကို ပံ့ပိုးပေးသည် ။ နောက်ဆုံးတွင် ထိရောက်မှုကို မောင်းနှင်ပေးပြီး Cloud ရင်းနှီးမြှုပ်နှံမှုများမှ လုပ်ငန်းတန်ဖိုးကို အမြင့်ဆုံးဖြစ်စေပါသည် ။

Inspiring Growth

FinOps တွင် တိုးတက်မှုကိုလှုံ့ဆော်ပေးခြင်းဆိုသည်မှာ အဖွဲ့အစည်း၏အဆင့်အားလုံးတွင် စဉ်ဆက်မပြတ်အသက်မွေးဝမ်းကျောင်းမှုနှင့် ကျွမ်းကျင်မှုတိုးတက်မှုတို့ကိုဆိုလိုသည် ။ သင်သည် FinOps Practitioner အဖြစ် စတင်နေသည် သို့မဟုတ် ခေါင်းဆောင်မှုအခန်းကဏ္ဍသို့ တက်လှမ်းရန် ရည်ရွယ်သည်ဖြစ်စေ Cloud ဘဏ္ဍာရေးစီမံခန့်ခွဲမှု မူများကို ကျွမ်းကျင်ပိုင်နိုင်စေရန် ၊ ကွဲပြားသော Cloud ပတ်ဝန်းကျင်များကို နားလည်ရန်နှင့် အကောင်းဆုံးအလေ့အကျင့်များကို အကောင်အထည်ဖော်ရန် အရေးကြီးပါသည် ။ လေ့ကျင့်မှုမှတစ်ဆင့် စဉ်ဆက်မပြတ်သင်ယူမှု ၊ FinOps Practitioner ပရိုဂရမ်ကဲ့သို့သောအောင်လက်မှတ်များနှင့် FinOps ဖောင်ဒေးရှင်းကဲ့သို့ အဖွဲ့အစည်းများ၏ လုပ်ငန်းဆိုင်ရာ စံနှုန်းများနှင့် မွမ်းမံနေရန်လည်း မရှိမဖြစ်လိုအပ်ပါသည် ။ ဤတိုးတက်မှုသည် တစ်ဦးချင်းစွမ်းရည်များကို မြှင့်တင်ပေးရုံသာမက အဖွဲ့အစည်းအတွင်း Cloud ငွေကြေးစီမံခန့်ခွဲမှုအစပျိုးမှုများ၏ အလုံးစုံအောင်မြင်မှုကိုလည်း အထောက်အကူပြုပါသည် ။

Empowering Best Practices

FinOps ၏ အကောင်းဆုံးအလေ့အကျင့်များကို သင်ယူလေ့လာခြင်းဖြင့် Cloud ငွေကြေးစီမံခန့်ခွဲမှုအတွက် အထိရောက်ဆုံးဗျူဟာများကို မြှင့်တင်နိုင်သည် ။ Cloud အသုံးစရိတ်နှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်များအပြင် ထိုးထွင်းသိမြင်မှုများရရှိလာနိုင်ပြီး စီးပွားရေးဆိုင်ရာ ရည်မှန်းချက်များ ၊ တာဝန်ခံမှု နှင့် Cloud ငွေကြေးစီမံခန့်ခွဲမှုအတွက် ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည့်အသိပညာများ ရရှိနိုင်သည် ။ သင်သည် စံချိန်စံညွှန်းသတ်မှတ်ရေးလုပ်ငန်းစဉ်များ ၊ FinOps စည်းမျဉ်းများဆိုင်ရာ လေ့ကျင့်ရေးအဖွဲ့များ နှင့် Cloud ရင်းနှီးမြှုပ်နှံမှုများမှ တန်ဖိုးအများဆုံးရရှိရန် အလေ့အကျင့်များ စသည်တို့တွင် အသိပညာများ ရရှိနိုင်ပြီး အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ရနိုင်သည် ။ အကောင်းဆုံးအလေ့အကျင့်များကို အားကောင်းစေခြင်းဖြင့် သင့်အဖွဲ့အစည်းသည် Cloud ပတ်ဝန်းကျင်တွင် ၎င်း၏ဘဏ္ဍာရေးနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပစ်မှတ်များကို ကျော်လွန်နိုင်စေကြောင်း သေချာစေနိုင်ပါသည် ။ ဤချဉ်းကပ်မှုသည် Cloud လက်ခံမှုနှင့် အသုံးချမှုတွင် ထိရောက်မှု၊ ဆန်းသစ်မှုနှင့် ရေရှည်တည်တံ့သောတိုးတက်မှုတို့ကို တွန်းအားပေးပါသည် ။

Get Involved!

သင်က FinOps ကို စတင်လေ့လာတော့မယ်ဆိုရင် အောက်ဖော်ပြပါ လင့်များမှတစ်ဆင့် သင်ယူလေ့လာနိုင်ပြီး ပါ၀င်ရန်နည်းလမ်းများစွာရှိပါသည် ။

https://www.finops.org/join/

https://www.finops.org/assets/

https://www.finops.org/community/finops-podcast/

https://www.finops.org/wg/adopting-finops/

https://www.finops.org/wg/encouraging-engineers-to-take-action/

https://www.finops.org/about/members/

Creating Connections
Inspiring Growth
Empowering Best Practices