Course Overview

LESSON 2 OF 3

Introduction to FinOps

FinOps သည် Cloud လုပ်ငန်းတန်ဖိုးကို အမြင့်ဆုံးမြှင့်တင်ပေးသည့် မူဘောင် နှင့် အလေ့အကျင့်တစ်ခုဖြစ်ပြီး အချိန်နှင့်တစ်ပြေးညီ ဒေတာမောင်းနှင်သည့် ဆုံးဖြတ်ချက်များကို သေချာစေကာ အင်ဂျင်နီယာ ၊ ဘဏ္ဍာရေး နှင့် လုပ်ငန်းအဖွဲ့များကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံမှုကို မြှင့်တင်ပေးပါသည် ။

Cloud FinOps Book

"Cloud FinOps Book" စာအုပ်တွင် အင်ဂျင်နီယာ ၊ ဘဏ္ဍာရေး ၊ ဝယ်ယူရေး ၊ ထုတ်ကုန်ပိုင်ဆိုင်မှု သို့မဟုတ် Public Cloud ဝန်ဆောင်မှုများကို စီစဉ်အသုံးပြုနေသော ဦးဆောင်နေသူတိုင်းအတွက် ကိုးကားချက်များအပြင် FinOps Framework နှင့် သက်ဆိုင်သောအကြောင်းအရာများစွာ ပါဝင်သည် ။ အောက်ဖာ်ပြပါလင့်များမှ တစ်ဆင့် ၀ယ်ယူနိုင်ပါသည် ။

Cloud FinOps Book - Amazon - https://bit.ly/4eU9h7A

Cloud FinOps Book - 10-day Digital Access - https://bit.ly/4cytOg4

FinOps Terminology

သင်ယူမှုကို အထောက်အကူဖြစ်စေရန်အတွက် Course တစ်လျှောက်လုံးတွင် အောက်ပါဝေါဟာရအရင်းအမြစ်များကို အသုံးပြုပါမည် ။

  1. FinOps Terminology

Cloud Cost Management ၊ Public Cloud ၊ Software Development & Operations နှင့် Finance & Accounting အမျိုးအစားများအတွက် ဝေါဟာရနှင့် ဥပမာများကို အောက်ဖော်ပြပါ လင့်တွင် ထပ်မံဖတ်ရှုနိုင်သည် ။

https://www.finops.org/assets/terminology/

  1. Guide to Cloud Service Provider Tools and Terminology

FinOps Practitioner များသည် Cloud အရင်းအမြစ်များကို ထိရောက်စွာအသုံးချခြင်းအပြင် ဝေါဟာရအသုံးအနှုန်းများနှင့် ထပ်လောင်းအရင်းအမြစ်များကို သင်ယူလေ့ကျင့်ရာတွင် အထောက်အကူဖြစ်စေရန် ရရှိနိုင်သော Tools များကို အောက်ဖော်ပြပါ လင့်တွင် ထပ်မံဖတ်ရှုနိုင်သည် ။

https://www.finops.org/wg/multi-cloud-tools-and-terminology/

Organization Information

သင့်အဖွဲ့အစည်း၏ Cloud အသုံးပြုမှု နှင့် Cloud စိန်ခေါ်မှုများအကြောင်း အချက်အလက်စုဆောင်းရန် စတင်ရာတွင် အဓိကမေးခွန်းအချို့ဖြစ်သည် ။

Cloud ကို အသုံးပြုရာတွင် အဖွဲ့အစည်း၏ ရည်မှန်းချက်မှာ အဘယ်နည်း ။

ဒီပန်းတိုင်တွေကို ပြီးမြောက်အောင်မြင်ဖို့ စိန်ခေါ်မှုတွေက ဘာတွေလဲ ။

Cloud အသုံးပြုခြင်းကို စီမံခန့်ခွဲရာမှာ အောင်မြင်မှုတွေဖြစ်မလာဘူးဆိုရင် ဘာကြောင့်လို့ ယူဆမလဲ ။

Be the FinOps Lead

သင့်အဖွဲ့အစည်းတွင် FinOps ဦးဆောင်သူအဖြစ် သင့်ကိုယ်သင် ထင်မြင်ရန် တိုက်တွန်းပါသည် ။ သင်သည် ကုမ္ပဏီ၏ Cloud ခရီးကို ဦးဆောင်မည့်သူဖြစ်သည် ။ သင်ခန်းစာတစ်ခုစီ၏အဆုံးတွင် ၊ သင်၏ FinOps အသိပညာသည် မည်သို့ပြောင်းလဲလာသည်နှင့် သင့်အဖွဲ့အစည်းတွင် အကြောင်းအရာတစ်ခုစီကို မည်သို့အကောင်အထည်ဖော်ရမည်ကို အစီအစဉ်ဆွဲရမည်ဖြစ်သည် ။ ဤအလေ့အကျင့်များသည် အသုံးချရန် ၊ တိုးတက်မှုအတွက် နယ်ပယ်များကို ဖော်ထုတ်ရန် ၊ သင့်အဖွဲ့အစည်းအတွင်း Cloud ငွေကြေးစီမံခန့်ခွဲမှုကို ထိထိရောက်ရောက် ဦးဆောင်ရန်နှင့် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရန် မဟာဗျူဟာများကို ဖော်ဆောင်ရန် ကူညီပေးပါမည် ။

Last updated