2.FinOps Teams & Culture

LESSON 1 OF 3

A FinOps Team

FinOps Team သည် Cloud နည်းပညာများကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် ၊ FinOps စည်းမျဉ်းများကို လိုက်နာရန် ၊ အကောင်းဆုံးအလေ့အကျင့်များကို ဖော်ဆောင်ရန် နှင့် သက်ဆိုင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်လိုအပ်ပါသည် ။ FinOps Team သည် Cloud ကုန်ကျစရိတ်များကို စီမံခန့်ခွဲခြင်း ၊ အရင်းအမြစ်များကို ပိုမိုထိရောက်စွာ အသုံးပြုခြင်း နှင့် လုပ်ငန်းခွင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပံ့ပိုးပေးခြင်းဖြင့် Cloud ရင်းနှီးမြှုပ်နှံမှုများမှ တန်ဖိုးကို မြှင့်တင်ပေးပါသည် ။

A FinOps Team's Primary Actions ( FinOps Team ၏ အဓိကလုပ်ဆောင်ချက်များ )

  1. Push Accountability Through the Organization ( အဖွဲ့အစည်းတစ်ခုလုံးတွင်တာဝန်ခံမှုကိုတွန်းအားပေးခြင်း )

FinOps Team သည် အဖွဲ့အစည်းအတွင်း Cloud အသုံးပြုမှုနှင့် ကုန်ကျစရိတ်များကို စီမံခန့်ခွဲရန် တာဝန်ယူပြီး ၊ လူတစ်ဦးချင်းစီ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော အချက်အလက်များကို ပံ့ပိုးပေးပါသည်။ ဤချဉ်းကပ်မှုသည် အဖွဲ့များအားလုံး ထိရောက်သော ဆုံးဖြတ်ချက်များချနိုင်စေရန် ကူညီပေးပါသည်။

  1. Centralized Rate & Discount

FinOps Team သည် Cloud ဝန်ဆောင်မှုပေးသူများနှင့် ချုပ်ဆိုထားသော ကတိကဝတ်ပြုထားသည့် ချွေတာရေးအစီအစဉ်များ ၊ လျှော့စျေးများကို စီမံခန့်ခွဲပါသည် ။ ဤချဉ်းကပ်မှုသည် Cloud အသုံးပြုမှုနှင့် စီမံခန့်ခွဲမှုကို ပိုမိုထိရောက်စေပြီး ၊ ကုန်ကျစရိတ်သက်သာစေပါသည် ။

Building a FinOps Team ( FinOps အဖွဲ့ကိုတည်ဆောက်ခြင်း )

FinOps Team ကို တည်ဆောက်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရပါမည် ။

  1. အဖွဲ့ဝင်များ FinOps Team တွင် မည်သူပါဝင်သင့်သနည်း ။ ဥပမာ - Cloud Architect ၊ Financial Analyst ၊ DevOps Engineer နှင့် Product Manager များ ။

  2. အဖွဲ့၏ အရွယ်အစား FinOps Team တွင် လူမည်မျှရှိသင့်သနည်း ။ ဤအချက်သည် ကုမ္ပဏီ၏ အရွယ်အစားနှင့် Cloud အသုံးပြုမှုပမာဏအပေါ် မူတည်ပါသည် ။

  3. အစီရင်ခံမှုစနစ် FinOps Team သည် မည်သူ့ထံ အစီရင်ခံသင့်သနည်း ။ ဥပမာ - CTO, CFO သို့မဟုတ် CIO ။

  4. အတားအဆီးများ FinOps Team ကို တည်ဆောက်ရာတွင် ရင်ဆိုင်ရနိုင်သော အတားအဆီးများကို ကြိုတင်သိရှိထားရန် လိုအပ်ပါသည် ။

Building a FinOps Team

Team Structure Examples

  • အသေးစား အဖွဲ့အစည်းများ အသေးစား အဖွဲ့အစည်းများတွင် FinOps Team ကို သီးသန့်မဖွဲ့စည်းဘဲ ၊ တစ်ဦးတစ်ယောက်ကို အခြားတာဝန်များနှင့်အတူ စီမံခန့်ခွဲခိုင်းလေ့ရှိပါသည် ။

  • အကြီးစား အဖွဲ့အစည်းများ အကြီးစား အဖွဲ့အစည်းများတွင် သီးသန့် FinOps Team ဖွဲ့စည်းပြီး၊ Cloud ကုန်ကျစရိတ်စီမံခန့်ခွဲမှုကို ချောမွေ့စေပါသည် ။

Team Roles

အောက်ဖော်ပြပါပုံသည် 2022 State of FinOps စစ်တမ်း‌ မှဖြစ်သည် ။ ဤစစ်တမ်းသည် FinOps Team တွင်ပါရှိသော ၀န်ထမ်းများ၏ အမျိုးမျိုးသော တာဝန်နှင့် အချက်အလက်များကို စုဆောင်းထားပြီး ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရန် ပံ့ပိုးပေးသည့် ကျယ်ပြန့်သော အခန်းကဏ္ဍများကို မီးမောင်းထိုးပြပါသည် ။

FinOps Team တွင် ပါဝင်သော အဖွဲ့ဝင်များ၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • Cloud Architect - Cloud စနစ်များကို ဒီဇိုင်းဆွဲခြင်း ။

  • Financial Analyst - ကုန်ကျစရိတ်များကို ခွဲခြမ်းစိတ်ဖြာခြင် း။

  • DevOps Engineer - Cloud အသုံးပြုမှုကို စီမံခန့်ခွဲခြင်း ။

  • Product Manager - ထုတ်ကုန်များနှင့် လိုက်လျောညီထွေဖြစ်အောင် စီမံခြင်း ။

Team Structure Examples

Team Sizes Scale As Maturity Develops

Cloud အသုံးပြုမှု များပြားလာသည်နှင့်အမျှ FinOps Team ၏ အရွယ်အစားလည်း ကြီးထွားလာပါသည် ။ ဥပမာအားဖြင့်၊ လုပ်ငန်းယူနစ်မျိုးစုံ ၊ လုပ်ငန်းလည်ပတ်မှုများနှင့် အသုံးချပလီကေးရှင်းများစွာရှိသော ကုမ္ပဏီများတွင် FinOps Team သည် ပိုမိုကြီးမားလာပါသည် ။

Crawl
Run
Walk

Reporting Structures Become Clearer As FinOps Practices Grow

FinOps ၏ အလေ့အကျင့်များ ချဲ့ထွင်လာသည်နှင့်အမျှ အစီရင်ခံမှုစနစ်များလည်း ပိုမိုရှင်းလင်းလာပါသည် ။ 2023 ခုနှစ် FinOps စစ်တမ်းများအရ ၊ FinOps Team များသည် ကုမ္ပဏီ၏ CTO များထံ အစီရင်ခံရန် အလားအလာအများဆုံးဖြစ်ပါသည်။

FinOps Team သည် Cloud ကုန်ကျစရိတ်များကို ထိရောက်စွာ စီမံခန့်ခွဲရန် ၊ Cloud အသုံးပြုမှုမှ တန်ဖိုးကို မြှင့်တင်ရန် နှင့် လုပ်ငန်းခွင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပံ့ပိုးပေးရန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည် ။ FinOps Team ကို အောင်မြင်စွာ တည်ဆောက်ရန် လိုအပ်သော အချက်များကို သိရှိထားပြီး ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီသော ဗျူဟာများကို ချမှတ်ဆောင်ရွက်သင့်ပါသည် ။

Reporting Structures Become Clearer As FinOps Practices Grow

Last updated