Quantify Business Value

LESSON 3 OF 6

Domain Overview

Quantify Business Value Domain သည် ဖန်တီးထားသော တန်ဖိုးနှင့် အသုံးပြုမှု၏ အကျိုးသက်ရောက်မှုများကို မျှော်မှန်းချက်များ ပြည့်မီကြောင်း သေချာစေရန် Cloud အသုံးပြုမှုကို လုပ်ငန်းတန်ဖိုးနှင့် ချိတ်ဆက်ပေးပါသည် ။ အဖွဲ့အစည်းများသည် Cloud အသုံးပြုမှုနှင့် ဆက်စပ်ကုန်ကျစရိတ်များကို ဘတ်ဂျက်နှင့်ကိုက်ညီအောင် လေ့လာသတ်မှတ်ခြင်း ၊ အနာဂတ်အစီအစဉ်များကို ခန့်မှန်းရန်နှင့် KPIs ကဲ့သို့သော စွမ်းဆောင်ရည်ညွှန်းကိန်းများကို တိုင်းတာရန်အတွက် ဤဒိုမိန်းကို အသုံးပြုပါသည် ။ ၎င်းတို့သည် အသင်းများနှင့် အခြားအဖွဲ့အစည်းများအကြား စံသတ်မှတ်ချက်လည်းဖြစ်သည် ။ ငွေကြေးအသုံးအနှုန်းများ၊ ရေရှည်တည်တံ့မှုနှင့် ယုံကြည်စိတ်ချရမှု သို့မဟုတ် ဖောက်သည်စိတ်ကျေနပ်မှုကဲ့သို့သော အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်ဆိုင်ရာ တိုင်းတာမှုများတွင် ကုန်ကျစရိတ်နှင့် တန်ဖိုးနှစ်ခုစလုံးကို အကဲဖြတ်ခြင်းအပေါ် အာရုံစိုက်သည် ။

ဤဒိုမိန်း၏စွမ်းရည်များတွင် အသုံးစရိတ်လမ်းကြောင်းများကို စူးစမ်းကြည့်ရှုခြင်း ၊ ဘတ်ဂျက်များသတ်မှတ်ခြင်း ၊ ခန့်မှန်းခြင်း ၊ စီမံခြင်းနှင့် အနာဂတ်ကုန်ကျစရိတ်များကို ခန့်မှန်းခြင်းတို့ ပါဝင်သည် ။ဤလုပ်ဆောင်ချက်များသည် အဖွဲ့အစည်းများ၏ သုံးစွဲငွေသည် ၎င်းတို့၏ ရည်မှန်းချက်များ ပြည့်မီရန် နှင့် လုံလောက်မှုရှိမရှိ နားလည်စေရန် ကူညီပေးပါသည် ။

Cloud အသုံးစရိတ်ကို ကောင်းစွာနားလည်သောအခါ ၊ အဖွဲ့အစည်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိပြီး အချိန်မီဆုံးဖြတ်ချက်ချနိုင်အောင် ကူညီပေးနိုင်သည် ။

This Domain Answers The Questions

Cloud အသုံးပြုမှုမှ မည်သည့်တန်ဖိုးကို ရရှိရန် ကျွန်ုပ်တို့ မျှော်လင့်ထားသနည်း ။

အဲဒီတန်ဖိုးကို ဘယ်လိုတိုင်းတာမလဲ ။

ကျွန်ုပ်တို့အသုံးပြုနေသည့်အရာများနှင့် အသုံးစရိတ်များသည် ကျွန်ုပ်တို့၏ မဟာဗျူဟာနှင့် အဖွဲ့အစည်းဆိုင်ရာ ရည်မှန်းချက်များကို အောင်မြင်နိုင်စေပါသလား ။

ကျွန်ုပ်တို့အသုံးပြုနေသည့်အရာများနှင့် အသုံးစရိတ်များသည် အခြားနှိုင်းယှဉ်နိုင်သော ဥပမာများနှင့် ကိုက်ညီမှုရှိပါသလား ။

Domain Capabilities

အောက်ဖော်ပြပါများသည် Quantify Business Value အတွက် Domain Capabilities များဖြစ်သည် ။ စွမ်းရည်တစ်ခုစီ၊ လုပ်ဆောင်နိုင်သော လုပ်ဆောင်ချက်များနှင့် ဆက်စပ်ပိုင်ဆိုင်မှုတစ်ခုစီ၏ ခြုံငုံသုံးသပ်ချက်အတွက် တက်ဘ်တစ်ခုစီကို နှိပ်ပါ ။

အောက်ဖော်ပြပါ "Dive Deeper" တက်ဘ် တွင် FinOps ၏ လက်တွေ့အသုံးချမှုများကို ဖော်ပြထားသည့် Vedio များနှင့် ဆက်စပ်‌သော လင့်များပါရှိပါသည် ။ ၎င်းတို့သည် သင်၏နားလည်နိုင်စွမ်းနှင့် FinOps စည်းမျဉ်းများကို လက်တွေ့အကောင်အထည်ဖော်ရာတွင် သိသိသာသာ တိုးတက်စေသည် ။ ဤရင်းမြစ်များကို စူးစမ်းရှာဖွေခြင်းသည် FinOps မဟာဗျူဟာများကို ထိထိရောက်ရောက် အသုံးချနိုင်ပြီး သင်၏စွမ်းရည်ကို တိုးမြင့်စေသည် ။သင်၏နားလည်မှုကို ပိုမိုနက်ရှိုင်းလာစေရန်နှင့် Cloud ငွေကြေးစီမံခန့်ခွဲမှုအတွက် သင်၏ချဉ်းကပ်မှုကို ပိုမိုကောင်းမွန်လာစေရန် FinOps ၏လက်တွေ့ဘဝအခြေအနေများကို အသုံးချရန်လိုအပ်ပါသည် ။

Planning and Estimating

  1. Summary

အဖွဲ့အစည်း၏ Cloud ပတ်ဝန်းကျင်တွင် သီးခြားမော်ဒယ် သို့မဟုတ် မော်ဒယ်များတွင် အကောင်အထည် ဖော်မည်ဆိုပါက ဖြစ်နိုင်ချေရှိသော ကုန်ကျစရိတ်နှင့် အလုပ်များတန်ဖိုးများ ကို ခန့်မှန်းရန် ၊ စူးစမ်းရန် ၊ ရှာဖွေရန် ၊ အကဲဖြတ်ရန် တို့ လုပ်ငန်းစဉ်များ ပါဝင်ပါသည် ။ ဤလုပ်ငန်းစဉ်သည် မတူညီသော Cloud ဖြန့်ကျက်မှုရွေးချယ်မှုများ၏ ငွေကြေးဆိုင်ရာ သက်ရောက်မှုများနှင့် မျှော်လင့်ထားသည့်တန်ဖိုးများကို နားလည်စေပြီး မည်သည့်မော်ဒယ်သည် အဖွဲ့အစည်း၏ရည်မှန်းချက်များနှင့် ဘတ်ဂျက်နှင့် အကောင်းဆုံးကိုက်ညီသည်ဟူသော ဆုံးဖြတ်ချက်များ ချနိုင်စေပါသည် ။

Planning and Estimating
  1. Definition

စီစဉ်ခြင်းနှင့် ခန့်မှန်းခြင်းတို့သည် အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန် သို့မဟုတ် စနစ်တစ်ခု၏ အနာဂတ်ကုန်ကျစရိတ်များကို ခန့်မှန်းနိုင်ပြီး ၊ ဝန်ဆောင်မှုအမျိုးမျိုး ၊ အပ်ဒိတ်များ ၊ စီမံခန့်ခွဲထားသော ဝန်ဆောင်မှုများနှင့် Cloud တွင်ရရှိနိုင်သော မော်ဒယ်လ်အမျိုးမျိုးတို့ကို ထည့်သွင်းစဉ်းစားနိုင်စေပါသည် ။ စီမံကိန်းနှင့် ခန့်မှန်းချက်သည် ကြိုတင်ခန့်မှန်းခြင်းနှင့် နီးကပ်စွာဆက်စပ်နေသော်လည်း စူးစမ်းလေ့လာရေးဆိုင်ရာ အကြံဉာဏ်ကို အာရုံစိုက်ခြင်း ၊ Cloud ကုန်ကျစရိတ်ခန့်မှန်းချက်များထုတ်ပေးခြင်းနှင့် Cloud အတွက် Architecting ၊ Workload Optimization သို့မဟုတ် Onboarding Workloads ကဲ့သို့သော စွမ်းဆောင်ရည်များကို ပံ့ပိုးပေးပါသည် ။

  1. Functional Activities

FinOps Practitioner - ထုတ်ကုန် နှင့် အင်ဂျင်နီယာအဖွဲ့များအတွက် လိုအပ်ချက်များနှင့် ကန့်သတ်ချက်များကို သတ်မှတ်ပေးခြင်း ၊ မှန်ကန်တိကျသော အသေးစိတ် ခန့်မှန်းချက်များကို ထုတ်လုပ်ပေးခြင်း ၊ စီးပွားရေး ရည်မှန်းချက်များနှင့် ကိုက်ညီသော ခန့်မှန်းချက် KPI များကို သတ်မှတ်ရန် ကူညီပေးခြင်း ၊ ခန့်မှန်းထားသော ကုန်ကျ စရိတ်အသေးစိတ်မှတ်တမ်းများကို ထုတ်ပေးခြင်း ၊ ခန့်မှန်းချက် အကျိုးသက်ရောက်မှု အချက်အလက်များကို ထုတ်ပြန်သတင်းပေးခြင်းတိုကို လုပ်ဆောင်ပါသည်

Engineering- ဘတ်ဂျက်ထက် ကျော်လွန်သော Cloud အသုံးစရိတ် ခန့်မှန်းချက်များကို စောင့်ကြည့်မှုများ ၊ အရင်းအမြစ်အသစ်များကို ခန့်မှန်းရန် ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း ၊ စတင်အသုံးပြုခြင်းနှင့် အဓိပ္ပာယ်ပြည့်ဝသော ခန့်မှန်းခြေအခြေအနေများကို ဖန်တီးရန်အတွက် FinOps နှင့် ထုတ်ကုန်ပုဂ္ဂိုလ်များနှင့်အတူ အလုပ်လုပ်ပါသည် ။ ထည့်သွင်းစဉ်းစားရန် အမျိုးမျိုးသော ခန့်မှန်းခြေအခြေအနေများကို နားလည်ရမည်ဖြစ်ပြီး Cloud သုံးစွဲမှု ခန့်မှန်းချက် သို့မဟုတ် ဘတ်ဂျက်များကို အကျိုးသက်ရောက်စေမည့် အစီအစဉ်ဆွဲထားသော အပြောင်းအလဲများအတွက် အတည်ပြုချက်ရယူခြင်းများကိုလည်း လုပ်ဆောင်ရသည် ။ ခန့်မှန်းချက်အသစ်များလိုအပ်သည့်အခါ နှင့် လက်ရှိခန့်မှန်းချက်ပုံစံများကို မည်သို့အကျိုးသက်ရောက်မှုရှိသည်ကို နားလည်လိုအပ်သည် ။

Finance - ခန့်မှန်းခြေ တိကျမှုနှင့် အသေးစိတ်အဆင့်အတွက် လိုအပ်ချက်များကို ချမှတ်ပေးသည် ။ လုပ်ငန်းပန်းတိုင်များနှင့် ကိုက်ညီသော KPIs များကို ခန့်မှန်းတွက်ချက်ရာတွင် ကူညီပေးသည် ။ ခန့်မှန်းချက်များနှင့် ဘတ်ဂျက်များဖန်တီးနိုင်စေရန် သက်ဆိုင်သူများအား Cloud ကုန်ကျစရိတ်များအတွက် ဒေတာများပေးကာအသုံးစရိတ်အပေါ် အသေးစိပ်အစီရင်ခံတင်ပြခြင်း ၊ အစီရင်ခံစာများ ၊ ခန့်မှန်းချက်များ နှင့် ကွဲပြားမှု KPI များကို နှိုင်းယှဉ်ပြီး ပိုမိုတိကျသော ခန့်မှန်းချက်များ ဖြစ်လာစေရန် တာ၀န်ရှိရသည် ။

Product - လိုချင်သောလုပ်ငန်းရလဒ်များရရှိပြီး ကုန်ကျစရိတ်ထိရောက်မှုအား တိုင်းတာရန်အတွက် KPIs များကို ခြေရာခံကာ ခန့်မှန်းခြေအခြေအနေများကို အသိပေးရန် ကိုက်ညီသော ဘောင်များကို ခန့်မှန်းသတ်မှတ်ပေးပါသည် ။

Leadership - Cloud ကုန်ကျစရိတ်နှင့် အကျိုးသက်ရောက်မှု ခန့်မှန်းခြင်းလုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး အင်ဂျင်နီယာပုဂ္ဂိုလ်များကို ပံ့ပိုးပေးသည် ။ လုပ်ငန်းပန်းတိုင်များနှင့် လိုက်လျောညီထွေရှိသော ကွဲလွဲမှုများကို ခန့်မှန်းတွက်ချက်ပြီး ဘတ်ဂျက်များကို သက်ရောက်မှုရှိစေသောအခါတွင် ယှဉ်ပြိုင်မှုဆိုင်ရာ ဦးစားပေးအစီအစဉ်များကို စီမံခန့်ခွဲခြင်း ၊ FinOps အဖွဲ့နှင့် Business Units တို့၏ မတူညီသော အခြေအနေများကြား နှိုင်းယှဉ်မှုများ လိုအပ်သောအခါတွင် အပေးအယူနှင့် အစီအစဉ်ဆွဲခြင်းဆုံးဖြတ်ချက်များကို စီမံခန့်ခွဲပါသည် ။

  1. Drive Deeper

https://www.finops.org/wg/finops-assessment/

https://www.finops.org/wg/calculating-container-costs/

Forecasting

  1. Summary

Cloud System ၏ အနာဂတ်ကုန်ကျစရိတ်နှင့် တန်ဖိုး၏ စံနမူနာတစ်ခုကို ဖန်တီးရာတွင် ကိန်းဂဏန်းဆိုင်ရာ နည်းလမ်းများ ၊ သုံးစွဲမှုပုံစံများ ၊ စီစဉ်ထားသော ပြောင်းလဲမှုများနှင့် ဆက်စပ်တိုင်းတာမှုများ ပါဝင်ပါသည် ။ ၎င်းတို့သည် Cloud ရင်းနှီးမြုပ်နှံမှုများနှင့် ပတ်သက်၍ အသိဉာဏ်ဖြင့် ဆုံးဖြတ်ချက်များချနိုင်စေရန် အတွက် အနာဂတ်ကုန်ကျစရိတ်နှင့် တန်ဖိုးများကို ခန့်မှန်းပေးသည် ။

Forecasting
  1. Definition

ကြိုတင်ခန့်မှန်းခြင်းဆိုသည်မှာ ( စနစ် ၊ ဝန်ဆောင်မှု ၊ အပလီကေးရှင်း စသည့် ) တို့အတွက်အနာဂတ် ကုန်ကျစရိတ်၏မော်ဒယ်တစ်ခုကို ဖန်တီးခြင်းဖြစ်သည် ။ အများအားဖြင့် ခန့်မှန်းတွက်ချက်ခြင်းအပေါ် အခြေခံထားခြင်းဖြစ်ပြီး ယခင်အသုံးစရိတ်များကို ပေါင်းစပ်ကြည့်ရှုခြင်း ၊ အနာဂတ်အစီအစဉ်များကို အကဲဖြတ်ခြင်းနှင့်အတူ လက်ရှိ Cloud အသုံးပြုမှုဆိုင်ရာ ပြောင်းလဲမှုများနှင့် သက်တမ်းတိုးချဲ့မှုများအပေါ် အကျိုးသက်ရောက်မှုများကို နားလည်သဘောပေါက်ခြင်း ပေါင်းစပ်ပြီး ကြိုတင်ခန့်မှန်းနိုင်ခြင်းကို ဆိုလိုသည် ။

တိကျသောဘဏ္ဍာရေးခန့်မှန်းချက်သည် အဖွဲ့အစည်းတစ်ခု၏ FinOps စွမ်းဆောင်ရည်များပေါ်တွင် တိကျသောဒေတာကို ပေးဆောင်နိုင်ရန် ရည်ရွယ်ပါသည် ။ ဤစွမ်းဆောင်နိုင်မှု၏ အခြေခံအချက်မှာ Cloud ကုန်ကျစရိတ်များကို အမျိုးအစားခွဲခြင်းနှင့် ခွဲဝေပေးနိုင်စွမ်းတို့ဖြစ်သည် ။

ဘဏ္ဍာရေး၊ အင်ဂျင်နီယာနှင့် ခေါင်းဆောင်မှုတို့သည် Cloud ကုန်ကျစရိတ်ကို ယုံကြည်စိတ်ချစွာနှင့် မှန်ကန်စွာ ခန့်မှန်းရန် မော်ဒယ်များ ဆောက်တည်သောအခါ အဖွဲ့အစည်း၏ တိုးတက်မှုကို အရှိန်အဟုန်တက်စေရန် ရင်းနှီးမြှုပ်နှံမှုနှင့် လည်ပတ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်သည် ။ ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်စေရန် Cloud တန်ဖိုးနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်များ ၊ ထိရောက်သောဘတ်ဂျက်သုံးစွဲခြင်းသာမက ကွဲလွဲချက်များကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခြင်း ၊ အရင်းအနှီးသုံးစွဲမှုနှင့် Cloud တန်ဖိုးအပေါ် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်ချခြင်း ၊ မျှော်မှန်းထားသော ဝင်ငွေအပေါ် နှင့် Cloud ရေရှည်တည်တံ့မှုနှင့် ဆက်စပ်သော အကျိုးသက်ရောက်မှုများ ရရှိမည် ဖြစ်သည် ။

  1. Functional Activities

FinOps Practitioner - FinOps Practitioner သည် Core Personas နှင့် ပူးပေါင်း၍ ကြိုတင်ခန့်မှန်းမှုဗျူဟာကို ဖော်ဆောင်သည် ။ အပ်ဒိတ်များအတွက် လိုအပ်ချက်များကို ချမှတ်ပေးသည် ။ တိကျသော အသေးစိတ်ခန့်မှန်းချက်များကို ဖန်တီးပေးသည် ။ လုပ်ငန်းပန်းတိုင်များနှင့် ကိုက်ညီသော KPIs များကို ထူထောင်ရာတွင် ကူညီပေးသည် ၊၊ Cloud ကုန်ကျစရိတ်အတွက် ခန့်မှန်းဒေတာများကို ပံ့ပိုးပေးခြင်း ၊ ခန့်မှန်းထားသည့် ကုန်ကျစရိတ်ကိုအစီရင်ခံခြင်းနှင့် ခန့်မှန်းချက်များကို နှိုင်းယှဉ်ခြင်း ၊ ထူထောင်ပေးခြင်းတို့ကို အခြေခံပုဂ္ဂိုလ်များနှင့် ပူးပေါင်းလုပ်ဆောင်ကာ ခန့်မှန်းရေးမူဝါဒကို တီထွင်ဆောင်ရွက်ပါသည် ။

Engineering - အင်ဂျင်နီယာအဖွဲ့သည် Cloud ကုန်ကျစရိတ်ခန့်မှန်းချက်များ ၊ ဘတ်ဂျက်ကျော်လွန်မှုကို စောင့်ကြည့်ခြင်း၊ ခန့်မှန်းထားသည့် ကုန်ကျစရိတ်ကျော်လွန်မှုကိုရှောင်ရှားရန် FinOps ပညာရှင်များနှင့်ပူးပေါင်းကာ အကောင်အထည်ဖော်နိုင်သော ထိန်းသိမ်းမှုအခွင့်အလမ်းများကို ရှာဖွေသည် ။ Cloud ကုန်ကျစရိတ်ခန့်မှန်းချက်များ သို့မဟုတ် ဘတ်ဂျက်များကို ဆိုးကျိုးသက်ရောက်စေမည့် ပြောင်းလဲမှုများအတွက် အတည်ပြုချက်ရယူခြင်းတို့ကိုလည်း လုပ်ဆောင်သည် ။

Finance - ဘဏ္ဍာရေးဌာနသည် ခန့်မှန်းချက်များနှင့် အပ်ဒိတ်များအတွက် မကြာခဏလုပ်ဆောင်ရန်လိုအပ်ချက်များကို ချမှတ်ခြင်း ၊ ပြည့်စုံမှန်ကန်သော အချက်အလက်များပါရှိသော ခန့်မှန်းချက်များကို ဖန်တီးခြင်း ၊ စီးပွားရေးရည်မှန်းချက်များနှင့် ကိုက်ညီသော ခန့်မှန်းခြင်း KPIs များကို ထူထောင်ရန် အကူအညီပေးခြင်းတို့ကို လုပ်ဆောင်ပေးသည် ။ FinOps အဖွဲ့များနှင့်အတူ အကောင်းဆုံးဖြစ်နိုင်သော နည်းလမ်းများကို ရှာဖွေခြင်း ၊ Cloud ကုန်ကျစရိတ်အတွက် ခန့်မှန်းဒေတာများကို ပံ့ပိုးပေးခြင်း ၊ ခန့်မှန်းထားသည့် ကုန်ကျစရိတ်ကိုအစီရင်ခံခြင်း နှင့် KPIs ကွာဟချက်များကို နှိုင်းယှဉ်ခြင်းဖြင့် အစီရင်ခံချက်များပေးခြင်းတို့ကို လုပ်ဆောင်ပါသည် ။

Procurement - Cloud အသုံးစရိတ်၏ ခန့်မှန်းချက်များကို တက်ကြွစွာ စောင့်ကြည့်နေကြောင်းကို ဆိုလိုသည် ။ ၎င်းတို့၏ ရည်မှန်းချက်မှာ Cloud ဝန်ဆောင်မှုများကို ခန့်မှန်းထားသော ဘတ်ဂျက်ကန့်သတ်ချက်များအတွင်း ရှိနေကြောင်း သေချာစေရန်ဖြစ်ပြီး ၊ ဘတ်ဂျက်ကန့်သတ်ချက်များကို ကျော်လွန်ပြီး ဖြစ်ပေါ်လာသော Cloud သုံးစွဲမှု အ‌ ခြေအနေများကို ရှာဖွေရန်ဖြစ်သည် ။

Product - Product အဖွဲ့သည် တိကျသောစီးပွားရေးရည်မှန်းချက်များအောင်မြင်ရန် ၎င်းတို့၏ကြိုးပမ်းအားထုတ်မှုများကို မည်ကဲ့သို့တွက်ခြေကိုက်ကြောင်း တိုင်းတာသည့် အဓိကစွမ်းဆောင်ရည်အညွှန်းကိန်းများ (KPIs) ကို ဖန်တီးပေးပါသည် ။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် ကိုက်ညီသော ကွဲပြားမှုများကို ခန့်မှန်းရန် သတ်မှတ်ပေးသည် ။ ထို့နောက် အဆိုပါ KPI များကို ခန့်မှန်းချက်ပုံစံများအဖြစ် လမ်းညွှန်ရန် အသုံးပြုကြပြီး ဤလုပ်ငန်းစဉ်တစ်လျှောက်တွင် အင်ဂျင်နီယာလုပ်ဖော်ကိုင်ဖက်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြသည် ။

Leadership - ခေါင်းဆောင်မှုတွင် Cloud ကုန်ကျစရိတ်များနှင့်ပတ်သက်သည့် ခန့်မှန်းချက်များကို သိရှိပြီး လုပ်ငန်းအပေါ် ဖြစ်နိုင်ချေရှိသော သက်ရောက်မှုများကို နားလည်ရန် ၎င်းတို့အား စောင့်ကြည့်စစ်ဆေးပါသည် ။ အလွန်ကြီးမားသော လုပ်ငန်းပန်းတိုင်များနှင့် လိုက်လျောညီထွေဖြစ်စေမည့် ကွဲပြားမှုများကို ကြိုတင်ခန့်မှန်းရန်အတွက် လုပ်ငန်းစဉ်များကို သတ်မှတ်ပေးသည် ။ အရေးကြီးသော အစပျိုးမှုများက အသုံးစရိတ်များအပေါ် သက်ရောက်မှုရှိသောအခါ ပြိုင်ဆိုင်မှုတောင်းဆိုချက်များကို ဦးစားပေးပြီး စီမံခန့်ခွဲပါသည် ။ ထို့အပြင် ဘဏ္ဍာရေးဆိုင်ရာ လည်ပတ်ဆောင်ရွက်သူများအဖွဲ့ ( FinOps Team ) နှင့် အမျိုးမျိုးသော လုပ်ငန်းစဥ်များအကြား ထိရောက်စွာ ဆက်သွယ် ဆောင်ရွက်ပါသည် ။

4.Drive Deeper

https://www.finops.org/assets/cloud-forecasting-insights-from-chevron/

https://www.finops.org/wg/forecasting-cloud-costs/

Budgeting

  1. Summary

Cloud အသုံးစရိတ်အတွက် ကန့်သတ်ချက်များ ချမှတ်ခြင်း ၊ အသုံးစရိတ်များကို စောင့်ကြည့်စစ်ဆေးခြင်း နှင့် အဆိုပါ ကုန်ကျစရိတ်များကို စီမံခန့်ခွဲခြင်းတို့ကို အကောင်အထည်ဖော်သည့် မဟာဗျူဟာ လုပ်ငန်းစဉ်ဖြစ်သည် ။ ရည်မှန်းချက်မှာ Cloud အရင်းအမြစ်များကို မည်ကဲ့သို့အသုံးပြုရာတွင် တာဝန်ခံမှုရှိစေရန်နှင့် Cloud ဝန်ဆောင်မှုများကို အားကိုးသည့်စနစ်များအတွက် ကြိုတင်မှန်းဆနိုင်သော ငွေကြေးရလဒ်များရရှိစေရန်ဖြစ်သည် ။

Budgeting
  1. Definition

FinOps Budgeting သည် အဖွဲ့အစည်းတစ်ခု၏ စီစဉ်ထားသော Cloud လုပ်ဆောင်ချက်များကို ပံ့ပိုးရန် ၊ ရန်ပုံငွေအတွင်း အသုံးစရိတ်နှင့် တန်ဖိုးများကို ခြေရာခံရန် ၊အဆိုပါအသုံးစရိတ်များမှရရှိသည့်တန်ဖိုးကို အကဲဖြတ်ခြင်းတို့ ပါဝင်သည် ။ ကုန်ကျစရိတ်တစ်ခုစီတိုင်းသည် တသမတ်တည်း ဘတ်ဂျက်ရေးဆွဲခြင်းဆိုင်ရာ မဟာဗျူဟာများမှတစ်ဆင့် ဘတ်ဂျက်သတ်မှတ်ထားသော ပမာဏများကို လိုက်နာကြောင်း သေချာစေပြီး ၊ Cloud လည်ပတ်မှုတွင် ခွဲဝေချထားပေးသော ငွေကြေးဆိုင်ရာအရင်းအမြစ်များအတွက် တာဝန်ခံမှုကို လည်းထိန်းသိမ်းထားရပါသည် ။

Cloud Budgeting သည် ပိုမိုကျယ်ပြန့်သော IT ဘတ်ဂျက်ရေးဆွဲခြင်းလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စတင်ပြီး Cloud အသုံးပြုမှုနှင့် ရှုပ်ထွေးမှုများ တိုးလာသည်နှင့်အမျှ အဖွဲ့အစည်းများသည် ၎င်းတို့၏ဘတ်ဂျက်သုံးစွဲမှုသံသရာကို များကို ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိရန် လိုအပ်ပါသည် ။

အဖွဲ့များမှ ပံ့ပိုးပေးသော ခန့်မှန်းချက်များကို အခြေခံ၍ ဘတ်ဂျက်များ ခန့်မှန်းခြင်းနှင့် စီစဉ်ခြင်းတို့ကို လုပ်ဆောင်ပါသည် ။ အသုံးစရိတ်များသည် ဘတ်ဂျက်ငွေပမာဏကို ကျော်လွန်နေမည်ဆိုပါကအမှန်တကယ် သို့မဟုတ် ဖြစ်နိုင်ချေရှိသော ဘတ်ဂျက်ငွေများ အလွန်အကျွံသုံးစွဲခြင်းကို ကာကွယ်ရန်အတွက် သက်ဆိုင်သူများ (Personas) နှင့် ပူးပေါင်းဖြေရှင်းရန် လိုအပ်ပါသည် ။

  1. Functional Activities

FinOps Practitioner - သည် လုပ်ငန်းရည်မှန်းချက်များနှင့် ဘတ်ဂျက်ရေးဆွဲရာတွင် အဓိကစွမ်းဆောင်ရည်အညွှန်းကိန်းများ (KPIs) ကို ချိန်ညှိရန် လိုအပ်သည်။ ဘတ်ဂျက်ဖန်တီးမှုကို လုပ်ဆောင်နိုင်စေရန် ခန့်မှန်းချက်စုဆောင်းမှုနှင့် ခန့်မှန်းချက်ပုံစံများကို စုစည်းရာတွင် လွယ်ကူချောမွေ့စေရန် FinOps Practitioner သည် လူတစ်ဦးချင်းစီနှင့် ပူးပေါင်းဆောင်ရွက်သည် ။ ထိုလုပ်ငန်းစဉ်များတွင် ဘတ်ဂျက်ဖန်တီးမှုအတွက် Cloud ကုန်ကျစရိတ်အပေါ် ခန့်မှန်းထားသည့်ဒေတာကို ပံ့ပိုးပေးခြင်း ၊ ပရိုဂရမ်အသုံးစရိတ်များကို အစီရင်ခံခြင်း နှင့် အမှန်တကယ်အသုံးစရိတ်များ ပါဝင်သည် ။ ဤခွဲခြမ်းစိတ်ဖြာမှုသည် မတူညီသော KPIs များနှင့် စွမ်းဆောင်ရည်အကဲဖြတ်ရန် ကူညီပေးသည် ။

Engineering - အင်ဂျင်နီယာအဖွဲ့သည် သတ်မှတ်ဘတ်ဂျက်များထက် ကျော်လွန်နိုင်သည် သို့မဟုတ် ထိုသို့လုပ်ဆောင်ရန် လမ်းကြောင်းပေါ်ရောက်နေသော အသုံးစရိတ်များကို သိရှိနိုင်ရန် Cloud အသုံးစရိတ်ကို စီမံခန့်ခွဲပါသည် ။ ၎င်းတို့သည် ငွေကြေးသုံးစွဲမှုကို တားဆီးရန်အတွက် ကုန်ကျစရိတ်များကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ရန် ၊ လိုအပ်သောစနစ်ပြောင်းလဲမှုများကို ခန့်မှန်းရန် ၊ သီးခြားအခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ရန် Financial Operations (FinOps) သက်ဆိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်ပါသည် ။ Cloud ကုန်ကျစရိတ်များ သို့မဟုတ် မျှော်မှန်းတန်ဖိုးအပေါ် သက်ရောက်မှုရှိနိုင်သည့် အပြောင်းအလဲများကိုကြုံတွေ့လာသောအခါ အတည်ပြုထားသော လုပ်ငန်းစဉ်များကို လိုက်နာကြပြီး ဆက်လက်မလုပ်ဆောင်မီ တာဝန်ရှိသူများထံမှ အတည်ပြုချက်ကို ရယူကြသည် ။ ၎င်းသည် အဖွဲ့အစည်းမှသတ်မှတ်ထားသော ဘဏ္ဍာရေးအစီအစဉ်များနှင့် ရည်မှန်းချက်များနှင့် ချိန်ညှိမှုတိုင်းကို ကိုက်ညီမှုရှိစေရန် သေချာစေသည် ။

Finance - ဘဏ္ဍာရေးအဖွဲ့သည် ခန့်မှန်းချက်များကို မကြာခဏပြုလုပ်ရန် နှင့် အပ်ဒိတ်လုပ်ရန် လိုအပ်သည့်စည်းမျဉ်းများကို သတ်မှတ်ပေးသည် ။ တိကျသောဘတ်ဂျက်များဖန်တီးရန် အသေးစိတ်ခန့်မှန်းချက်ဒေတာကို စုဆောင်းကြသည် ။ ၎င်းတို့သည် လုပ်ငန်းရည်မှန်းချက်များနှင့် ကိုက်ညီသော ဘတ်ဂျက်ရေးဆွဲခြင်း သော့ချက်အညွှန်းကိန်းများ (KPIs) ကို ဖန်တီးရာတွင်လည်း ကူညီပေးပါသည် ။ ဘဏ္ဍာရေးအဖွဲ့သည် ဘတ်ဂျက်ဖန်တီးရာတွင် အထောက်အကူပြုရန်အတွက် ပရိုဂရမ်အသုံးစရိတ်ဆိုင်ရာ အစီရင်ခံစာများနှင့် ဘတ်ဂျက်များ၊ အမှန်တကယ်အသုံးစရိတ်နှင့် ခန့်မှန်းချက်များကို နှိုင်းယှဉ်သည့် အစီရင်ခံစာများကို ထုတ်ပေးရန်အတွက် Cloud ကုန်ကျစရိတ်ဆိုင်ရာ ခန့်မှန်းဒေတာကို ပံ့ပိုးပေးပါသည် ။ ဤအစီရင်ခံစာများသည် ကွဲပြားမှု KPI များနှင့် စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ရာတွင် ကူညီပေးပါသည်။

Procurement - ဝယ်ယူရေးအဖွဲ့သည် ဘတ်ဂျက်ငွေပမာဏများကို အမှန်တကယ်အသုံးစရိတ်များနှင့် နှိုင်းယှဉ်ခြင်းဖြင့် Cloud အသုံးစရိတ်ကို ခြေရာခံသည် ။ ၎င်းတို့၏ ရည်မှန်းချက်မှာ အဖွဲ့အစည်း၏ ကတိကဝတ်များ၊ ရောင်းချသူ သဘောတူညီချက်များ ၊ Cloud ဝန်ဆောင်မှုပေးသူများ သို့မဟုတ် အခြားရောင်းချသူများနှင့် သုံးစွဲမှုမျှော်လင့်ချက်များကို ထိခိုက်စေနိုင်သည့် ဘတ်ဂျက်အသုံးစရိတ်အခြေအနေများကို ရှာဖွေရန်ဖြစ်သည် ။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် ဘဏ္ဍာရေးဆိုင်ရာ ကတိကဝတ်များနှင့် သဘောတူညီချက်များကို လိုက်နာပြီး ကောင်းမွန်စွာ စီမံခန့်ခွဲကြောင်း သေချာစေရန် ရည်ရွယ်ပါသည် ။

Product - ထုတ်ကုန်အဖွဲ့သည် လိုချင်သောစီးပွားရေးရလဒ်များကိုရရှိရန်အတွက် ၎င်းတို့၏ထုတ်ကုန်များကို ကုန်ကျစရိတ်သက်သာစွာအကဲဖြတ်ရန် အဓိကလုပ်ဆောင်သည့်အချက်များ (KPIs) ကို ဖန်တီးပေးပါသည် ။ ၎င်းတို့သည် သီးခြားထုတ်ကုန်များနှင့် လိုက်လျောညီထွေဖြစ်စေသော ဘတ်ဂျက်သတ်မှတ်ချက် ကွဲလွဲမှုများကို လိုက်နာသည် ။ ထို့နောက် အဆိုပါ KPI များကို အင်ဂျင်နီယာအဖွဲ့နှင့် ပူးပေါင်း၍ ဘတ်ဂျက်နှင့် ခန့်မှန်းချက်ပုံစံများကို လမ်းညွှန်ရန် အသုံးပြုပါသည် ။ ၎င်းသည် ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွင် ကုန်ကျစရိတ် ၊ ထိရောက်မှုနှင့် ဘတ်ဂျက်ချိန်ညှိမှုနှစ်ခုလုံးကို ထိန်းသိမ်းထားကြောင်း သေချာစေသည် ။

Leadership - ခေါင်းဆောင်မှုသည် Cloud ဘတ်ဂျက်များ ၊ ခန့်မှန်းချက်များ နှင့် လုပ်ငန်းအပေါ်သက်ရောက်မှုများကို အမြဲတစေ စီမံခန့်ခွဲပါသည် ။ လုပ်ငန်းပန်းတိုင်များနှင့် လိုက်လျောညီထွေရှိသော ဘတ်ဂျက်သတ်မှတ်ချက် ကွဲလွဲမှုများကို ချမှတ်ခြင်း ၊ ခန့်မှန်းထားသော အသုံးစရိတ်များကို ဦးစားပေးလုပ်ဆောင်ပြီး ဘတ်ဂျက်များအပေါ် သက်ရောက်မှုရှိရန် စီမံခန့်ခွဲပါသည် ။ ထိုအချက်က FinOps အဖွဲ့နှင့် Business Units များအကြား အောင်မြင်သော ဆက်သွယ်မှုကို သေချာစေသည် ။

  1. Drive Deeper

Benchmarking

  1. Summary

အဖွဲ့အစည်း၏ ကွဲပြားခြားနားသော အစိတ်အပိုင်းများသည် Cloud အသုံးပြုမှုကို ကောင်းမွန်အောင် လုပ်ဆောင်နေပြီး ၎င်းမှ တန်ဖိုးရရှိမှုကို အကဲဖြတ်ရန်အတွက် ထိရောက်မှု မက်ထရစ်များကို အသုံးပြုကာ နှိုင်းယှဉ်ကြသည် ။ ဤအကဲဖြတ်ချက်များမှရရှိသော ထိုးထွင်းသိမြင်မှုများသည် ဆုံးဖြတ်ချက်ချမှတ်ရာတွင် အထောက်အကူဖြစ်စေပြီး Financial Operations (FinOps) သည် ပိုမိုကျယ်ပြန့်သော လုပ်ငန်းရည်မှန်းချက်များနှင့် ကိုက်ညီကြောင်း သေချာစေပါသည် ။

Benchmarking
  1. Definition

Benchmarking သည် အဖွဲ့အစည်းများအား cloud တန်ဖိုးနှင့် ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းဆိုင်ရာ သီးခြားမက်ထရစ်များနှင့် Key Performance Indicators (KPIs) ကို နှိုင်းယှဉ်နိုင်စေပါသည် ။ ဤနှိုင်းယှဉ်ချက်ကို အဖွဲ့အစည်းအတွင်းရှိ မတူညီသောအဖွဲ့များကြား နှင့် အလားတူနည်းလမ်းများဖြင့် Cloud ဝန်ဆောင်မှုများကို အသုံးပြုသည့် အခြားအဖွဲ့အစည်းများ နှစ်ခုစလုံးတွင် လုပ်ဆောင်နိုင်ပါသည် ။ ထိုအချက်က အဖွဲ့အစည်းများသည် အဓိကကျသော နယ်ပယ်များတွင် ၎င်းတို့ မည်မျှ ကောင်းမွန်စွာ လုပ်ဆောင်နေသည်ကို နားလည်စေပြီး တိုးတက်မှုအတွက် အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ရန် ကူညီပေးသည် ။

FinOps အဖွဲ့များသည် အဖွဲ့အစည်း၏ Cloud အသုံးပြုမှုကို နားလည်စေရန် ကူညီပေးသည့် သီးခြားမက်ထရစ်များ သို့မဟုတ် အဓိကစွမ်းဆောင်ရည်ညွှန်းကိန်းများ (KPIs) ဖန်တီးရန်အတွက် ခေါင်းဆောင်များ၊ ထုတ်ကုန်မန်နေဂျာများနှင့် အင်ဂျင်နီယာများနှင့်အတူ အတူတကွ လုပ်ဆောင်သင့်သည် ။ ထိုးထွင်းသိမြင်မှုများရရှိရန်နှင့် Cloud အရင်းအမြစ်စီမံခန့်ခွဲမှုနှင့်ပတ်သက်သောအသိပေးဆုံးဖြတ်ချက်များချရန် ဤမက်ထရစ်များကို စက်မှုလုပ်ငန်းစံနှုန်းများ သို့မဟုတ် စံညွှန်းသတ်မှတ်ခြင်း နှင့် နှိုင်းယှဉ်သင့်သည်။

အဖွဲ့အစည်းတိုင်းသည် ၎င်း၏ကိုယ်ပိုင်ထူးခြားသောနည်းလမ်းဖြင့် cloud ကို အသုံးပြုသည် ။ FinOps အဖွဲ့အတွက် စံနှုန်းများနှင့် တိုင်းတာခြင်းများ ၊ စံနှုန်းများနှင့်နှိုင်းယှဉ်ခြင်းသည် Cloud အသုံးပြုမှု၏တန်ဖိုးနှင့် ထိရောက်မှုကို အကဲဖြတ်ရန်အတွက် အသုံးပြုသည့်နည်းလမ်းများထဲမှတစ်ခုဖြစ်သင့်သည် ။ FinOps အဖွဲ့များသည် Cloud တန်ဖိုးကို နားလည်ရန်နှင့် အဖွဲ့အစည်းခေါင်းဆောင်များသည် ၎င်းတို့၏ Cloud ရင်းနှီးမြှုပ်နှံမှုများကို နားလည်စေရန် အခြားနည်းလမ်းများကို အသုံးပြုသင့်သည်။ ဆိုလိုသည်မှာ Cloud အသုံးပြုမှုနှင့် ကုန်ကျစရိတ်များကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်ရှုနိုင်စေရန် အခြားနည်းလမ်းများနှင့် စံနှုန်းနှိုင်းယှဉ်ခြင်း ဟန်ချက်ညီစေခြင်းကို ဆိုလိုသည်။

  1. Functional Activities

FinOps Practitioner -FinOps Practitioner သည် Cloud ထိရောက်မှုအတွက် အဖွဲ့အစည်း၏ပန်းတိုင်များကို နားလည်သည် ။ ၎င်းတို့သည် ဤပန်းတိုင်များကို အဓိကစွမ်းဆောင်ရည်ညွှန်းကိန်းများ (KPIs) နှင့် တိုင်းတာ၍ နှိုင်းယှဉ်နိုင်သည့် သီးခြားမက်ထရစ်များအဖြစ်သို့ ပြောင်းလဲရန် အခြားအဖွဲ့၀င်များနှင့် ပူးပေါင်းဆောင်ရွက်ပါသည် ။ ထို့နောက် FinOps Practitioner သည် အဖွဲ့တွင်းခြေရာခံကာ ၎င်းတို့၏ Cloud စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်လာစေရန်အတွက် စံသတ်မှတ်ထားသော ပရိုဂရမ်များကို သတ်မှတ်ကာ ကြီးကြပ်ကွပ်ကဲသည် ။

Product & Engineering - Product & Engineering သည် အဖွဲ့အစည်းဆိုင်ရာ စံညွှန်းသတ်မှတ်ခြင်းပန်းတိုင်များကို နားလည်သဘောပေါက်ပြီး ၊ ၎င်းတို့၏ တာဝန်နယ်ပယ်အတွက် ဤပန်းတိုင်များကို အောင်မြင်စေရန် လုပ်ဆောင်ကာ လိုအပ်သော စံညွှန်းကိန်းဂဏန်း အချက်အလက်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပါသည် ။

Finance - ဘဏ္ဍာရေးသည် အဖွဲ့အစည်းဆိုင်ရာစံနှုန်းသတ်မှတ်ခြင်းပန်းတိုင်များကို နားလည်ပြီး မဟာဗျူဟာမြောက်ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို ပံ့ပိုးပေးသည် ။

Leadership - ခေါင်းဆောင်သည် စံသတ်မှတ်ခြင်းအတွက် အသုံးပြုရန် သီးခြားသော့ချက်စွမ်းဆောင်ရည် အညွှန်းကိန်းများ (KPIs) သို့မဟုတ် ယူနစ်မက်ထရစ်များကို ချမှတ်ပေးပါသည် ။ ၎င်းတို့သည် စံသတ်မှတ်ခြင်း ကြိုးပမ်းမှုများတွင် တိုင်းတာမှုများနှင့် စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ရန် ပြင်ပအဖွဲ့အစည်းများနှင့်လည်း ဆက်သွယ်နိုင်သည် ။

Allied Personas - Allied Personasသည် FinOps စံနှုန်းသတ်မှတ်ခြင်းကို အသိပေးနိုင်သည့် ဆက်စပ်ပညာရပ်များတွင် ရရှိနိုင်သော စံနှုန်းစံနမူနာများကို ပေးပါသည်။

  1. Drive Deeper

စံနှုန်းသတ်မှတ်ခြင်းကို လုပ်ဆောင်သည့်အခါ သင့်အဖွဲ့အစည်း၏ စွမ်းဆောင်ရည်ကို လုပ်ငန်းလုပ်ဖော်ကိုင်ဖက်များနှင့် နှိုင်းယှဉ်နိုင်သည် ။ ဤနှိုင်းယှဥ်မှုသည် အသိဥာဏ်ရှိသော ဆုံးဖြတ်ချက်များချရာတွင် အထောက်အကူဖြစ်စေပြီး FinOps အလေ့အကျင့်များသည် လုပ်ငန်းတစ်ခုလုံး၏ ရည်မှန်းချက်များနှင့် ကိုက်ညီကြောင်း သေချာစေပါသည် ။ အသိုင်းအဝိုင်းအတွင်းရှိ Cloud ငွေကြေးဆိုင်ရာ ဆောင်ရွက်မှုများအား ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပုံအား ထိုးထွင်းသိမြင်နိုင်သော State of FinOps အစီရင်ခံစာကဲ့သို့ ရင်းမြစ်များမှ ဒေတာများကို ရှာဖွေခြင်းဖြင့် သင့်အဖွဲ့အစည်းသည် မည်သည့်နေရာတွင် ရပ်တည်နေသည်ကို တိုင်းတာနိုင်ပြီး လုပ်ငန်းဆိုင်ရာ အကောင်းဆုံး အလေ့အကျင့်များနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် နယ်ပယ်များကို ခွဲခြားသတ်မှတ်နိုင်ပါသည် ။

https://data.finops.org/#3259

https://data.finops.org/#11904

Unit Economics

  1. Summary

မက်ထရစ်များကို တီထွင်ခြင်းနှင့် ခြေရာခံခြင်းများတွင် အဖွဲ့အစည်းတစ်ခု၏ Cloud ဝန်ဆောင်မှုများအသုံးပြုမှုနှင့် စီမံခန့်ခွဲမှုအလေ့အကျင့်များသည် ထုတ်ကုန်များ ၊ ဝန်ဆောင်မှုများ သို့မဟုတ် လုပ်ဆောင်ချက်များ၏ အလုံးစုံတန်ဖိုးကို မည်ကဲ့သို့အကျိုးသက်ရောက်ကြောင်းပြသသည့် တိုင်းတာနိုင်သော အညွှန်းကိန်းများကိုဖန်တီးခြင်းပါဝင်သည် ။ ဤမက်ထရစ်များသည် အဖွဲ့အစည်း၏ရလဒ်များဖြစ်သည့် ဝင်ငွေ ၊ သုံးစွဲသူစိတ်ကျေနပ်မှု သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုထိရောက်မှုကဲ့သို့သော အဖွဲ့အစည်း၏ရလဒ်များအပေါ် Cloud လည်ပတ်ဆောင်ရွက်မှုများ၏ တိုက်ရိုက်အကျိုးသက်ရောက်မှုကို နားလည်ရန် ကူညီပေးပါသည် ။ ဤမက်ထရစ်များကို အချိန်နှင့်အမျှ စောင့်ကြည့်ခြင်းဖြင့် ၊ အဖွဲ့အစည်းများသည် ၎င်းတို့၏ Cloud မဟာဗျူဟာများ၏ ထိရောက်မှုကို အကဲဖြတ်နိုင်ပြီး တန်ဖိုးနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် လိုအပ်သလို ချိန်ညှိမှုများ ပြုလုပ်နိုင်သည် ။

Unit Economics
  1. Definition

ယူနစ်စီးပွားရေးဆိုသည်မှာ အဖွဲ့အစည်းတစ်ခုက Cloud ဝန်ဆောင်မှုများတွင် ရင်းနှီးမြုပ်နှံထားသည့်အရာနှင့် ထိုရင်းနှီးမြှုပ်နှံမှုမှရရှိသည့် အမှန်တကယ်တန်ဖိုးအကြား ဆက်စပ်မှုကို ရည်ညွှန်းသည် ။ Cloud အသုံးပြုမှုမှရရှိသောအကျိုးကျေးဇူးများကို တွက်ချက်ရာတွင် ကုန်ကျစရိတ်များကို မျှတမှုရှိမရှိ တွက်ချက်ရာတွင် ကူညီပေးသောကြောင့် အရေးကြီးပါသည် ။ ကုန်ကျစရိတ်များကို ခြေရာခံပြီး ရရှိလာသော အကျိုးခံစားခွင့်များနှင့်ဆက်စပ်မှုမရှိပါက ၊ အဖွဲ့အစည်းများသည် ၎င်းတို့၏ Cloud အသုံးစရိတ်များ သင့်လျော်မှုရှိ၊ မရှိ နှင့် ရင်းနှီးမြှုပ်နှံမှု (ROI) အပြုသဘောဆောင်သောအကျိုးကျေးဇူးများပြန်လာခြင်းရှိမရှိတို့ကို ဆုံးဖြတ်ရန် လိုအပ်ပါသည် ။ ယူနစ်စီးပွားရေးကို နားလည်ခြင်းက Cloud အသုံးစရိတ်ကို လုပ်ငန်းပန်းတိုင်များနှင့် လိုက်လျောညီထွေဖြစ်စေပြီး အမြင့်ဆုံးတန်ဖိုးဖန်တီးမှုများအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးပါသည် ။

  1. Functional Activities

FinOps Practitioner - FinOps Practitionerသည် အရေးကြီးသော တိုင်းတာမှုများကို ဆုပ်ကိုင်နိုင်ရန် အဖွဲ့အစည်းအတွင်း မတူညီသော အခန်းကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပါသည် ။ ၎င်းတို့သည် ယူနစ်စီးပွားရေး၏ အရေးပါမှုကို အလေးပေးကြပြီး Cloud အသုံးစရိတ်များကို အဖွဲ့အစည်း၏တန်ဖိုးနှင့် တိုက်ရိုက်ချိတ်ဆက်ပေးသည် ။ ထို့အပြင်၊ ၎င်းတို့သည် Cloud ကုန်ကျစရိတ်အသုံးပြုမှုနှင့်ပတ်သက်သော သက်ဆိုင်ရာ မက်ထရစ်များကို ချမှတ်ပြီး မှတ်တမ်းတင်ပါသည် ။ နောက်ဆုံးတွင် ယူနစ်မက်ထရစ်များနှင့် အဓိကစွမ်းဆောင်ရည်ညွှန်းကိန်းများ (KPIs) ကို သင့်လျော်သော ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် သက်ဆိုင်ရာအခန်းကဏ္ဍတစ်ခုစီသို့ ဝင်ရောက်နိုင်ကာ မြင်နိုင်စေရန် သေချာစေပါသည် ။ ဤချဉ်းကပ်မှုသည် cloud စီမံခန့်ခွဲမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အဖွဲ့အစည်းဆိုင်ရာ ရည်မှန်းချက်များနှင့် ချိန်ညှိစေပြီး အဖွဲ့များတစ်လျှောက် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးပါသည် ။

Engineering - အင်ဂျင်နီယာသည် FinOps အဖွဲ့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး အဓိက အဖွဲ့အစည်းဆိုင်ရာ မက်ထရစ်များနှင့် ပန်းတိုင်များကို ထိုးထွင်းသိမြင်မှုပေးပါသည် ။ ထို့အပြင် အင်ဂျင်နီယာများသည် အဖွဲ့အစည်းတစ်ခုလုံး၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်ရွယ်၍ ၎င်းတို့၏ ဆုံးဖြတ်ချက်များကို အသိပေးရန် ယူနစ်စီးပွားရေးဆိုင်ရာ မက်ထရစ်များကို အသုံးပြုပါသည် ။ အင်ဂျင်နီယာသည် မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များမှတစ်ဆင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်များတွင် တိုးတက်မှုများကို တွန်းအားပေးရန်အတွက် ယူနစ်စီးပွားရေးဆိုင်ရာ မက်ထရစ်များကို အသုံးပြုကာ Cloud ရင်းနှီးမြှုပ်နှံမှုများသည် ပိုမိုကျယ်ပြန့်သော လုပ်ငန်းပန်းတိုင်များနှင့် ကိုက်ညီကြောင်း သေချာစေပါသည် ။

Finance - Finance သည် FinOps အဖွဲ့နှင့် နီးကပ်စွာ အလုပ်လုပ်ပြီး ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်ရည်နှင့် သက်ဆိုင်သည့် အဖွဲ့အစည်းဆိုင်ရာ မက်ထရစ်များနှင့် ပန်းတိုင်များကို ထည့်သွင်းပေးပါသည် ။ ၎င်းတို့သည် Cloud ကုန်ကျစရိတ်များနှင့် အဖွဲ့အစည်းအပေါ် သက်ရောက်မှုများကို ထင်ဟပ်စေသော အဓိပ္ပာယ်ရှိသော ငွေကြေးဆိုင်ရာ တိုင်းတာမှုများကို သတ်မှတ်ရာတွင် ကူညီပေးပါသည် ။ ဘဏ္ဍာရေးသည် ဤမက်ထရစ်များကို ငွေကြေးအစီရင်ခံခြင်းတွင် ခြေရာခံပေါင်းစပ်ပြီး သက်ဆိုင်သူများထံသို့ Cloud ရင်းနှီးမြှုပ်နှံမှုများ၏ ဘဏ္ဍာရေးဆိုင်ရာ အနေအထားနှင့် ထိရောက်မှုဆိုင်ရာ ထိုးထွင်းသိမြင်မှုများကို ပေးဆောင်သည် ။

Procurement - ဝယ်ယူရေးအစီအစဥ်နှင့် ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်များတွင် ယူနစ်စီးပွားရေးမက်ထရစ်များကို ပေါင်းစပ်ထည့်သွင်းကာ အဓိကအဖွဲ့အစည်းဆိုင်ရာမက်ထရစ်များနှင့် ပန်းတိုင်များကို နားလည်ရန် FinOps အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပါသည် ။ ဤမက်ထရစ်များကို အသုံးချခြင်းဖြင့် ဝယ်ယူမှုဗျူဟာများကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ရန်နှင့် Cloud ရင်းနှီးမြှုပ်နှံမှုများနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းဆိုင်ရာ ရည်မှန်းချက်များနှင့် ကိုက်ညီမှုရှိစေရန် ရည်ရွယ်ပါသည် ။

Product - ထုတ်ကုန်အဖွဲ့များသည် ၎င်းတို့၏ထုတ်ကုန်များနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းဆိုင်ရာမက်ထရစ်များနှင့် ပန်းတိုင်များကို ထိုးထွင်းသိမြင်နားလည်မှုများကို မျှဝေခြင်းဖြင့် FinOps အဖွဲ့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ပါသည် ။ ၎င်းတို့သည် အဖွဲ့အစည်းအား ပေးပို့သည့်တန်ဖိုးကို ထိထိရောက်ရောက်ပြသသည့် မက်ထရစ်များကို ဖော်ထုတ်ရန် ဆွေးနွေးမှုများတွင် တက်ကြွစွာပါဝင်ကြသည် ။ ထို့အပြင်၊ ထုတ်ကုန်အဖွဲ့များသည် ၎င်းတို့၏ ထုတ်ကုန်များသည် လုပ်ငန်းအတွက် အပြုသဘောဆောင်သော အကျိုးပြုပုံကို သရုပ်ပြရန် သတ်မှတ်ထားသော မက်ထရစ်များကို စေ့စေ့စပ်စပ် ခြေရာခံကြသည် ။ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှု နှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်များသည် အလုံးစုံအဖွဲ့အစည်းဆိုင်ရာ ရည်မှန်းချက်များနှင့် ကိုက်ညီကြောင်း သေချာစေပြီး ၎င်းတို့၏ထုတ်ကုန်များမှရရှိသော လုပ်ငန်းအကျိုးသက်ရောက်မှုနှင့် တန်ဖိုးများကို ရှင်းလင်းပြတ်သားစွာ သက်သေပြပါသည် ။

Leadership -ခေါင်းဆောင်မှုသည် FinOps အဖွဲ့အား အဓိကကျသော အဖွဲ့အစည်းဆိုင်ရာ မက်ထရစ်များနှင့် ပန်းတိုင်များကို လမ်းညွှန်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည် ။ ၎င်းတို့သည် အဖွဲ့အစည်း၏အောင်မြင်မှုကို မောင်းနှင်ရာတွင် ယူနစ်စီးပွားရေးမက်ထရစ်များ၏ အရေးပါမှုကို ရှင်းလင်းဖော်ပြပြီး လိုအပ်သည့် မက်ထရစ်များ၏ အချိန်ကိုက်မှု နှင့် နယ်ပယ်အလိုက် တိကျသောလမ်းညွှန်မှုများကို ပေးဆောင်သည် ။ ခေါင်းဆောင်မှုသည် ဒေတာမောင်းနှင်သော ဆုံးဖြတ်ချက်များကို အသိပေးရန် ၊ မဟာဗျူဟာမြောက် ဦးစားပေးမှုများနှင့် အကောင်းဆုံး အရင်းအမြစ်ခွဲဝေမှုတို့ကို သေချာစေရန် မက်ထရစ်များကို အသုံးပြုပါသည် ။

  1. Drive Deeper

https://www.finops.org/wg/introduction-cloud-unit-economics/

https://www.finops.org/wg/cloud-unit-economics-story-library/

These Capabilities Will Help Organizations :

ဤစွမ်းရည်များသည် အဖွဲ့အစည်းများကို ကူညီပေးပါမည်

သက်ဆိုင်ရာ cloud ကုန်ကျစရိတ်၊ အကျိုးသက်ရောက်မှုနှင့် အသုံးပြုမှုဒေတာကို အသုံးပြု၍ cloud လိုအပ်ချက်များကို အစီအစဉ်ဆွဲခြင်း၊ ခန့်မှန်းခြင်းနှင့် ကြိုတင်ခန့်မှန်းခြင်း။

အဖွဲ့များအား ဘတ်ဂျက်ကို တသမတ်တည်းဖြစ်စေရန်နှင့် ဘတ်ဂျက်ပိုလျှံမှု ဖြစ်နိုင်ခြေကို လျှော့ချခြင်း ။

လုပ်ငန်းတန်ဖိုးနှင့် ဆက်စပ်သော စံညွှန်းများကို ချမှတ်ရန် နည်းစနစ်များနှင့် မော်ဒယ်များကို သတ်မှတ်ခြင်း ။

ရည်မှန်းချက် တိုင်းတာချက်များအပေါ် အခြေခံ၍ cloud ၏ လုပ်ငန်းတန်ဖိုးကို ဖော်ပြသည့် မက်ထရစ်များကို တီထွင်ခြင်း ။

Supported FinOps Principles

Quantify Business Value Domain မှ မည်သည့်အခြေခံမူများကို ပံ့ပိုးထားသည်ကို ကြည့်ရှုရန် အောက်ပါ အချက်အလက်အိုင်ကွန်တစ်ခုစီကို ရွေးချယ်ပါ ။

Supported FinOps Principles

Last updated